Part 12

3.8K 680 63
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၁၂)

ပွဲတော်ည ကား ထင်တာထက် ပိုစည်ကားလျက်ရှိသည်။
လူသံ သူသံ များနှင့်အတူ ခပ်လှမ်းလှမ်း က ဗုံသံ ကခုန်သံ ကဗျာရွတ်သံတို့ကြား
ပျော်ရွှင်နေသည့် လူအများ ၏ အသံကားသော်က တို့ထိုင်နေရာ သေရည် ဆိုင်ထဲ အထိပျံ့လွင့်လာသည်။

သေရည်ဝိုင်းတွင် မင်းတရားကြီး နှင့် ရာဟု ကား နန်းတွင်းရေးဆွေးနွှေးနေကာ
စကားကောင်းနေသော်လည်း သီရိကျော်ထင်နှင့် ဒီဃ သော်က မှာမူ
အပြစ်လုပ်ထား သကဲ့သို့ ခံစားရတကား ခေါင်းကိုတွင်တွင်ငုံ့လျက် သာ
နှစ်ယောက်သား အသာလေး ကုတ်နေရသည်။

သီရိကျော်ထင်ကား သော်က
နားသို့ အသာလေးကပ်ကာ
လေသံတိုးတိုးနှင့်။

"ရောင်းရင်းအလှလေးရေ
ဒီနေတော့သေရည် အဝသောက်မဟဲ့ဆိုပြီး ပွဲစျေး ကို လျောက်တာလေ အခုတော့ ဘယ်လို ဖြစ်ပြီး ဒီလို အပြစ်သားဖြစ်သွားရတာတုန်းမသိ "

"အင်းပါသီရိကျော်ထင် ရယ်
နောက်ရက်ကျ ကျွန်တော်
ဝယ်တိုက်ပါ့မယ်"

"အဟမ်း ဝယ်တိုက်စရာမလိုပါဘူးလေ
အခု လည်း ဒီအစ်က်ိုကြီး က အဝတိုက်မှာ မို့အားမနာတမ်းသောက်နိုင်ပါတယ်လေ "

မင်း တရားကြီး က သူ့ကိုယ်သူ
အစ်ကိုကြီး ဟု သုံးကား
ရွှင်ပြပြမျက်နှာထားနှင့်
သော်ကတို့နှစ်ယောက်ကို
လှမ်းစလေသည်။

သီရိကျော်ထင်ကား အလိုက်မသိမှုမှာ ပထမတန်းစားတည်း ။

"အဟဲ တကယ်လား နောင်တော်ကြီး
ဒါဆို အားမနာတော့ဘူးနော်
ဟေ့ ဒီဝိုင်း ကို ပုစွန်ဆိတ်ဆိတ်ခုန်ပင်ကျရေ တစ်အိုးနဲ့ ကြက်ပေါင်ကင်ချဟေ့ "

အတွင်းထဲသို့ လှမ်းပင်မှာလိုက်ချေသေးသည် ။

သော်က မှာ ကား အားနာ ကာ မျက်နှာတွေပင် ထူပူလာမိသည် ရာဟု က်ိုကြည့်တော့
'မနိုင်ဘူး'ဟူသည့်အထာနှင့်ကြည့်ကာ လက်ထဲ က သေရည် ခွက်ကိုမော့သောက်သည် ။

"သော်က မောင်မင်း လည်း သောက်ချင်မှာနော် အားမနာနဲ့ ဒီနေ့
ဒီနောင်ကြီးရှင်းမှာ "

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now