Part 36

2.5K 463 41
                                    

ဂန္တဝင်၌တွယ်ငြ်ိခြင်း
အပိုင်း (၃၆)

တန်ဆောင်မုန်း လပြည့် ဖြစ် ၍
လရောင် မှာ အေးမြ စွာ
ဖြာကျနေသော်လည်း

ကေတုမတီ နန်းတော်ထဲရှိ မျက်နှာ ချင်းဆိုင် ထိုင်နေကြသော လူလေးယောက် ကား မအေး ချမ်းနိုင်ပါ ။

စောမွန်ခ သည် ကား
ရှမ်းရိုးရာ ပြိုးပြိုးပျက်ပျက်
ခေါင်းပေါင်း ကို ပေါင်း လျက်
ဝတ်စုံ အပြည့် ဝတ်ထား လေသည်မှာ တင့်တယ်နေသော်ငြား
ရင်ထဲ မှ အပူမီး က မျက်နှာ အထိ ထင်ဟပ်နေပုံပေါ်သည် ။

သီရိကျော်ထင် မှာ တော့ အခန်း အတွင်း ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ
စဉ်းစားလျက်ရှိသည် ။

ဗလကျော်သည်ကား မိမိရှေ့ ရှိ ရာဟု က်ို သာ ကြည့် လျက် မည် သို့ စီရင်ချက် ချမည် ကို စောင့်စားနေဟန် ။

ရာဟု ကတော့ စားပွဲထိပ်ဆုံးတွင်နေရာ ယူ ကာ စားပွဲပေါ်မှ ပစ္စည်းများ ကို
မမှိတ်မသုန် ကြည့် လျက်
တစ်စုံတစ်ရာ ကို တွေးတော နေဟန်

"မွန်ခ တကယ်ဘဲ ဒီပစ္စည်းတွေ က ရှမ်း တို့လက်ရာ ဟုတ်ပါသလား "

"ရုတ်တရက် ကြည့်ရင်တော့ တူသည်ဟုသာ ခံယူထားလို့ ရပေမယ့်
စေစေ့ကြည့်လျှင် ယူထားသော
ဆောက်ဖြတ် အလက် ကို တွက်ကြည့်ပါ မောရှမ်း တို့ လက်ရာ မဟုတ်ကြောင်းပါ မြို့စားအရှင် "

"ဗလကျော်ထင်နဲ့ သီရိ ဒီ
ပစ္စည်းတွေ ကို ဘယ်က ရခဲ့သလဲ "

"ကျွန်တော်မျိုးတို့ မြို့ပြင် အရှေ့နား တွင် သူစိမ်း အချ်ို့ပြသနာ နှင့် ရွာသားများ
ပြသနာ တက်နေကြောင်း သတင်း ရ၍ စီရင် ရန်သွားပါသည်

မထင်မှတ်ပါဘဲ သူစိမ်း နှစ်ယောက်ဟာမောရှမ်း သား
နှစ်ယောက်ဖြစ်နေတော့တာပါဘဲ

ကျွန်တော်မျိုးတို့ ကို မြင်တော့ လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်း များ ကို ချလို့ပြေးပါတယ် လိုက်သော်ငြား
တောအတွင်း ဝင်ရောက်
ပြေးပုန်းရှောင်သောကြောင့် မမှီ
ပိုးစဖြင့် ထုတ်ထားသော အထုတ် နှင့် ဝါးကျည်ထောက်အတွင်း ထည့်ထားသော စာလွှာ ကိုသာ ရသည်"

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now