Part 2

6.2K 822 103
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း ၂

နန်းတော် ရှေ့နားမှာ တပ်စွဲ ထားတဲ့
ရာဟုရဲ့ တပ်စု ကို ခပ်ရိပ်ရိပ် မြင်နေရတဲ့အချိန်တွင်တော့
ဂါမဏ်ိ တစ်ကိုယ်လုံးလည်း သွေးတွေ ရွှဲနေခဲ့သလို
ဗလကျော်ထင် ကလည်း လက်ယာ လက်မောင်းမာ ပြက်ရှ ဒဏ်ရာကြီး ကြောင့် သွေးတွေတစ်စိမ့်စိမ့်
သူတို့ ရင်ဆိုင်တွေ့ခဲ့တာ တပ်စု ၃ စုနဲ့ အထက်မှာ ရှိမှာမို့
ထို့အပြင် ရင်ဆိုင်ရသည်မှာ လည်း ဗလကျော်ထင်နှင့် ဂါမဏိ နှစ်ယောက် သာဖြစ်သည်မို့ ရာဟု သင်္ဂ တို့တော်တော်​လေး အထိနာ နေပြီလို့ ဆိုလို့ရတယ်

ရာဟုသင်္ဂ အနေနဲ့လည်း ကောင်လေး ကို ပွေ့ပြီး ပြေးလာရလို့ အတော်လေး ပန်းနေပြီ ဖြစ်သည့်အပြင် ကောင်လေးရဲ့ သွေးတွေ မှာလည်း သူ့လက်မောင်းမှာပါရွှဲလို့

"နောင်ကြီး ရာဟုသင်္ဂ "

ထောင့်ချိုး အကွေ့တစ်ခု ကနေ အသံထွက်လာတာမို့ အသံ လာရာ ကိုကြည့်လိုက်တော့ ကြည်းတပ်တပ်စုမှုး သီရိကျော်ထင်

ရာဟု သက်ပြင်းမောတစ်ခု ကိုကြိတ်ပြီး ချ လိုက်မိတယ်

'တပ်စုနဲ့ တပ်မကြီးနောက်ဆုံးတော့ပေါင်းမိခဲ့ပြီဘဲ '

သီရိကျော်ထင် ရယ် ရာဟုသင်္ဂရယ် ဗလကျော်ထင်ရယ်က ငယ်ငယ်ကတည်း က ဆရာတစ်ယောက်တည်းအောက်မှာ
ပညာဆည်းပူးခဲ့တာ
တစ်နည်းပြောရရင် ငယ်ပေါင်းရောင်းရင်းတွေ အခုတော့ ရာဟု က မြင်းတပ်မှုးဖြစ်ပြီး ဗလကျော်ထင် က ခဲပေါင်ခံတပ် ရဲ့ တပ်မှူး
သီရိကျော်ထင်ကတော့ ကြည်းတပ်စု တပ်မှူးလေး

မျက်နှာထား ခပ်တည်တည် အမြဲနေတက်တဲ့အပြင် လက်ရုံးရည်ရော
နှလုံးရည်ပါငယ်ငယ်လေးထဲ က ထူးချွန်တဲ့ ရာဟုသင်္ဂ အတွက်က သူတို့ သာ  သစ္စာရှိတဲ့ ငယ်ပေါင်းကြီးဖော် တွေ ဖြစ်လေသည်

ရာဟု တစ်ကိုယ်လုံးသွေးတွေ ရွှဲနေတဲ့အပြင် လက်ထဲမာ လည်း ခပ်သေးသေး လူတစ်ယောက်ကို ပွေ့ထား တာကို မြင်ရတဲ့ သီရိကျော်ထင်အတွက်တော့ ဒီ မြင်ကွင်းဟာ တကယ့်ကိုထူးဆန်းအံ့ဩဖွယ် အသွင် ကိုဆောင်လေသည်။

ငယ်ငယ် ကတည်း က ရာဟု က သူ့ခန္ဓာကိုယ်ကို သူများထိတာတောင်
မကြိုက်သူမို့
ဒီလို ပွေ့ဖို့ဆိုတာဝေးစွ

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now