Part 21

3.2K 598 82
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၁)

ရာဟု နှုတ်မှ 'ခေမာ'ဟူသည့် အမည်နာမသည် သော်က ကို
မိုက်မူးသွားစေသည်အထိ
လုံလောက်လေသည်။

ခုနက နေပူထဲ ရေငင်ကာ ချွေးထွက်ထားသည့် အရှိန်ကြောင့်ရော
ယခု စိတ်လှုပ်ရှားမှုရော ပေါင်းကာ
သော်က ခေါင်းတို့ က တစ်ရိပ်ရိပ် ဖြစ်လာသောကြောင့် ဝင်လာသူ မိန်းမပျိုအား မကြည့်အားဘဲ
ဘေးဘောင် လက်တန်း ကို
မှန်းကိုင် လိုက်ရသည်အထိ ။

ရာဟု သည်လည်း တစ်ရွေ့ရွေ့ လာနေသူ
ခေမာ ကို ကြည့်နေရာ မှ တစ်ဖက်သို့ လှည့်လိုက်သော အခါ
လှေခါး လက်တန်း ကို ကိုင်လျက် ဖြူဖျော့သော မျက်နှာ အစုံနှင့် သော်က ကို တွေ့ရသော အခါ
လန့်သွားရတကား ..

"သော် က အဆင်ပြေရဲ့လား"

"ရ ရပါတယ် ရာဟု"

နှင်းဆီ ရနံ့ မွှေးအိီအီ နှင့် အတူ
အရိပ်သွယ်သွယ်လေးတစ်ခု
မိမိဘေးသို့ကျရောက်လာသော အခါ

ရာဟု ၏ အချစ်ဦး ဟု သိထားခဲ့သည့်
'ခေမာ' ဆိုသည့် အမျိုး သမီး ကို
သော်ကမော့ကြည့်လိုက်မိတော့သည်။

လှည်းစာခေါက်သာ လှိုင်လှိုင်သွေး၍ လိမ်းကြရသော ရွာဓလေ့ ကို ကျော်လွန်၍
ခေမာ ဟူသည့် အမျိုးသမီးမှာ
နံ့သာဝါဝါ ကို
သိပ်သိပ်ကလေးလိမ်းထားသည် ။
ရွာသူတွေ ကဲ့ သို့ အကြမ်းထည်
ချည်ကိုမဝတ်ထား
ချည်ချော လုံချည် နှင့် ရင်ဖုံး ကို
တိတိပပဝတ်ထားကာ
တစ်ပတ်လျှိုဆံထုံး လှလှ တွင်
နီစွေးသော နှင်းဆီ ပန်း တစ်ပွင့် ကနေရာယူထားသည်။

မျက်လုံးတို့ က အနီရောင်
နှင်းဆီထက်ပင်တောက်ပလျှက်
နှုတ်ခမ်းတို့က တိပစွာ စေ့ထားသည်
ပြုံးယောင်မှ ပင်မသန်းသော
မျက်နှာထားနှင့်သော်က ကို စိုက်ကြည့်နေလေရာ..

သော်က မှာ အနေပင်ကျုံ့လာသလို။

'ရာဟု ခင်ဗျား က ဘယ်လို မိန်းကလေးမျိုးကိုမှ သွားသဘောကျရတာတုန်း'

"သူက"

အမျိုး သမီး ၏ သူနှင့်ပတ်သတ်၍
မေးသော မေးခွန်းတွင် စိတ်ရှုပ်မှုနှင့်
မာန တရားများပျော်ဝင်နေကြောင်း သော်က ခံစားမိပါသည် ။

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now