Part 7

4K 696 53
                                    

ဂန္တဝင်၌တွယ်ငြ်ိခြင်း
အပိုင်း ၇

ယခု မူ မင်းတရားကြီး ကား ဟံသာဝတီ ကိုပြောင်းရွှေ့ကာ ထိီးနန်း စိုးစံမည်ဖြစ်၍
နန်းသိမ်းပွဲ အခါတော် ကို ကျင်းပရန်
များမကြာမီ ပုဏ္ဏားဖြူ ပုဏ္ဏား ညို တို့၏ အတွက်အချက် အရ ရက်ကောင်း ရက်မြတ် ရွေးတော်မူလိမ့်မည်
တူတော် ရာဟု သင်္ဂ အနေဖြင့်
မင်းတရားကြီး နန်းသိမ်းပွဲတွင်
အနှောင့်အယှက် တစ်စိုးတစ်စိမှ
မရှိစေရန်တာဝန်ယူရပေလိမ့်မည်။
အထူးသဖြင့် မင်းတရားကြီး နှငိ့ မိဘုရားကြီး ကို အထူးစောင့်ရှောက်ရန်လိုလိမ့်မည် ဖြစ်ရတကား တိတိကျကျ အသေးစိတ် အစီအစဉ် ရေးဆွဲထားစေလိုသည်
မနက်ဖြန်နေထွက်သည်နှင့် ဦးရီး ကို မြောက်နန်းတောိအဲမွန်ဆောင်တွင် လာရောက်တွေ့ဆုံပါ

ရာဟု စာ ဖတ်ပြီးသော အခါ စာလွှာ ကို ခေါက်သိမ်းလိုက်ပြီး
ဘေး က အထိန်းတော်ကြီး ကိုပေးလိုက်ကာ

"မနက်ဖြန်ကစပြီး
စီစဉ်စရာများပေတော့မည် "

သော်က ကား အနှီ စာပေလွှာ ကို ဖတ်ကြည့်ချင်သော်လည်း
မထိရဲ ။

တကယ်ဆို သမိုင်းဘာသာ အထူးပြု ယူထားခဲ့သော သူတို့အဖို့ ဤကဲ့သို့သော စာလွှာမျိုး ကို ထိရ ကိုင်ရ ဖတ်ရသည်မာ အလွန်ပင် တန်ဖိုးရှိလှသည် ။

သို့သော် မိမိကလည်း ရာဟု ဆီမှတောငိးဖတ်ရန်မဝံ့

'ဖတ်များသာ ဖတ်လိုက်ရရင်တော့ကွာ
တကယ့် ကို လူဖြစ်ရကျိုးနပ်ပြီဘဲ ။
စာအုပ်တွေမှာသာ ဓာတ်ပုံအဖြစ် မြင်ခဲ့ရတာ မျိုးလေ အခုတော့ အပြင်မှာ တွေ့နေရပြီတဲ့လား '

မြတ်နိုးမှုတန်ဖိုးဟူသည် ပေးရသောငွေကြေးတန်ဖိုးကို မဟုတ် မိမိစွဲလန်း ရာ ကို သတ်မှတ်လေ့ ရှိကြသည် မဟုတ်ပါလား။

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now