Part 28

3.3K 578 70
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း(၂၈)

ကေတုမတီ၏  မိုးလေ ကင်းလွတ်သော သီတင်းကျွတ်လပြည့်နေ့ အာရုဏ်ဦး
သည် နှင်းငွေ့ငွေ့ဖုံး၏ ။
အနောက်ဘက် မင်းဝံ့တောင်တန်း ဆီမှ သက်ဆင်းလာသော နှင်းငွေ့ငွေ့သည် ဆောင်းမရောက်သေးသော်ငြား
မြောက်ပြန်လေသွေးသဖြင့်
ကေတုမတီသည် အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်နေလေသည်။

အရှေ့ယော ဆော အနောက်မော
တောင်တောရယ်သာ သာသနာ
ရောင်ဝါထိန်ထိန်လင်း လတ္တံ့

ဟူသော တပေါင်အတိုင်း ပင်

အရှေ့ဘက် ပေါင်းလောင်းမြစ်နှင့်
မြတ်စောညိီနောင်တောင်တန်း
အနားတွင် တောင်ယာ များ ကောင်းစွာ ဖြစ်ထွန်းသဖြင့် စားနပ်ရိက္ခာ ဖူလုံသည် ။

အနောက်ဘက် ရှိ မင်းဝံမောတောင်တန်းကြောင့် ရန်သူတို့
အလွယ်တကူမကျူးကျော်နိုင် ။
ထို့ကြောင့်
ဇေယျဝဎုနတိုင်းခေါ် ကေတုမတီတောင်ငူပြည်သည် ရေမြေတောင်တောင် စိမ်းလန်း ၍ သာသနာရောင်ဝါ ကို ကောင်းစွာ
ထွန်းလင်းခွင့်ရလေသည် ။

မနက်အစောပိုင်း ဖြစ်သော်ငြား
ရာဟု တို့ အိမ်တွင်
အရီးလှ ၏ ဆွမ်းထမင်း
ပြင်နေသောအသံ
ဘုန်းကြီး ဆွမ်း ပြင်လက်စ ဟင်းများ အားမိခင်မသိအောင်နှိုက်စား သဖြင့်
မနော်ဦး အား ရာဟု ၏ မာန်သံ တို့ ဖြင့်
ကျွတ်ကျွတ် ညံ လျက်ရှိသည်။

ယနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။

မနက်ပိုင်း ဆွမ်း ခံ ကြွသော ကျောင်းထိုင် ဆရာတော်ဘုရား နှင့် သံဃာတော်တို့အား ဆွမ်းအလုပ်အကျွေး ပြုရန်
ကေတုမတီတစ်မြို့လုံးတက်ကြွနေကြလေသည်မှာ လင်း ကြက်မတွန်ခင် ကတည်း က မီးခိုးငွေ့ တစ်လူလူထွက်နေသော မီးဖိုဆောင်များ ကား
သက်သေ ပင်ဖြစ်သည်။

သော်က သည်လည်း အရီးလှနှင့်အတူ
ဆွမ်းဟင်း များ ကို သေသေချာချာ အင်တုံထဲ ထည့်လျက်ရှိသည်။

"သော်ကလေး ဒီဟင်းလေး  ကို ဒိီ အင်တုံထဲထည့်ပြီး ရင် ရေ ချိုးလို့ရပြီနော်"

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now