Part 9

3.8K 712 52
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၉)

ပုရောဟိတ် ၈ ဦးထံမှ
ဘိသိက် သွန်းခံ ပြီးသော မင်းတရားကြီး သည် လက်ဝဲခြေတော် ကို အရင်လှမ်း ၍ နန်းဆောင်သို့ဝင်သည် ။

ထိုအခါ လူထု ကြီး နှင့် ပုရောဟိတ်ကြီးတို့ က

ဘုန်းတော် အလွန်ကြီးမြတ် တော်မူ သက်တော်ရာကျော်ပတ်လုံး
သာသနာတော်မြတ် စီးပွါး ကိုယ်တော်မြတ် စီးပွါး ပြည့်သူ့စီးပွါး ကို
ဆောင်ရွက်န်ိုင်ပါစေသော် ....
ဟူသော မင်္ဂလာစကားကိုဆိုနေခိုက်

နန်းတက်ပွဲ ကို
တစ်ခါမှ မမြင်ဖူး မကြားဖူးသည့်
ကျွနုပ်တို့၏
ခက်သော်ကလေးသည်ကား
အီယောင်ဝါးနှင့် လိုက်သာ အော်နေမိပါတော့သည် ။

ပုံစံ က အေဘီစီဒီ မပိုင်ဘဲ
တက္ကသိုလ်ရောက်လာသည့်ပုံစံနှင့်

အေး ၂၁ ရာစုပြန်ရောက်လာကြည့်စမ်း
အာ့လို တိတိကျကျ နန်းတက်ပွဲ
အခမ်းအနား ကို စာတမ်း ကို
ရေးပစ်ဦးမယ် ။

ဘိသိက်ခံယူပြီး မင်းတရားကြီး ကား ညီလာခံ ခန်းမဆောင်ထဲရှိ
ရာဇပလ္လင်ပေါ်မှ နေ၍ ဗိုလ်ရှု
သဘင်ခံလေသည် ။

အမိန့်ပြန်ထမ်းဖတ်ကြား သူ မှ
ယခု အချိန်အခါ သည် သစ္စာတော်ခံများ သစ္စာရေ သောက်ရမည့် အချိန်ဖြစ်ကြောင်း ဖတ်ကြားသည့် အခါ ...

သော်ကအနည်းငယ်တော့
တွန့်ဆုတ်သွားသည် ။
မိမိက ထိုသူတို့သိနေသည့် ဒီဃ သော်က အစစ်မဟုတ်ဘဲ ခန္ဓာ ကိုယ် သာ တူသည့် ၂၁ ရာစု က ခက်သော်က ဆိုလျှင်ရော

'ဒီ သစ္စာရေ သောက်လို့ ဖြစ်ပါ့မလား '

'မသိဘူးကွာ ဖြစ်ချင်ရာဖြစ် '

လူရှေ့သူရှေ့ ရေတစ်ခွက် သောက်တယ်လို့ သဘောထားလိုက်ရင် ရတယ်
ဟုတ်တယ် အိမ်မက်ထဲ ရေသောက်
တယ်ပေါ့ ဘာဖြစ်လဲနော့် ။

ငယ်ငယ် ကတောင်
အိမ်မက်ထဲ သေးပေါက်လို့ အိပ်ယာထဲထိလက်တွေ့ သေးပေါက်ချခဲ့တာဘဲလေနော့်။

လူအများရှေ့နဲ့ တစ်ယောက်တည်းဘဲ ကွာတယ် ။

ဤ သို့ဖြင့် သစ္စာတော်ခံ မြို့စားများ အား
ငါးယောက်တစ်စုစီ ခေါ်ကာ သစ္စာခံပွဲ စတင်လေသည် ။

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now