Part 35

2.7K 466 37
                                    

ဂန္တဝင်၌ တွယ်ငြိခြင်း
အပိုင်း (၃၅)

မနက်ပိုင်း မှာ စ တဲ့ ကထိန်ကပ်ခြင်း ဟာ နေ့လည် ပိုင်းလောက်မှာ အတော်လေး
ဧည့်သည်များရှင်းသွားတာမို့

သော်က အပါဝင် သီရိကျော်ထင် က ဦးဆောင်၍ အိမ်ရှေ့ ခန်းတွင်
ခင်းကျင်းထားသည့် စားပွဲ များ ကို
ခေါက်ကာသိမ်းနေ ကြတုန်း။

"သော်က ကို ဒီတစ်ခါတော့ နောင်ကြီး
ချီးကျူး ရပေလိမ့်မယ်"

ရုတ်တရက်ကြီး ချီးမွမ်းစကား ထပြောလေသော ဗလကျော်ထင်ကြောင့် သော်က မှာ ကြောင် အအ နှင့်ပင်

"ဗျာ ဘာကို"

"ခုနက ဝဏ္ဏ ကို
ကိုင်မြှောက်လိုက်တာများ
မြန်လည်း မြန်သွက်လည်း သွက်
အပြင်ပန်းကြည့်တော့ သာ ဖြူဖက်ဖြူလျော်ကလေးနဲ့ လုပ်ချသွား တာ
အားရသဗျို့"

"အာ...."

ဗလကျော်ထင် ၏ စကား ကို ကြားတော့ သော်က ခပ် ဟဟ သာ ပြုံး ရင်း
လည်ပင်း ကို လက်နဲ့ ခပ်ဖွဖွသာ
ပွတ်မိသည်။

ဘွင်းဘွင်းရှင်းရှင်း ပြောတက်တဲ့ ဒီလူကြောင့် သော်က မှာ စိတ်ထဲ၌လည်းပျော်ရသလို အနေလည်းခက်မိသည်။

ဤ အချင်းအရာ ကို သီရိကျော်ထင် က ရိပ်မိ၍ ထင်

"အစ်ကိုကြီး ဗလ က ဟံသာဝတီ ဘုရားပွဲ တုန်း က ဘေးမှာ မရှိလ်ိုက် လို့ဗျို့
အဲ့ကနေ့ကလည်း သည်လိုဘဲ
ပျူ ကျက်သရေ ကို
ရွဲ့စောင်းအပုပ်ချ
တဲ့ လူတစ်ချို့ ကို
ကိုင်ပေါက်ပစ်လိုက်တာများ

ဒီ ခန္ဓာကိုယ် သေးသေးလေးထဲ က ဘယ်လို အင်အားတွေ များရောက်လာသလဲ လို့အထိ စဉ်းစားရတယ် ဗျို့"

သီရိကျော်ထင် စကားဆုံးတော့
ဗလမှာ မိမိဘက် သို့
မျက်လုံး အပြူးသားဖြင့်

"သော်က ...ဘယ်လိုများ"

"ငယ်ငယ် က လက်နက်မဲ့ ကိုယ်ခံ ပညာ
အနည်းငယ် သင်ဖူးလို့ပါ
ဒါ့ကြောင့်ပါ"

"အော် ....."

သော်က စကား ကို ဗလ က ခေါင်းငြိမ့်ကာ လက်ခံရင်း အရှေ့ရှိ စားပွဲခုံ မှ
စားပွဲခင်း စ အဖြူရောင် ကို ဆွဲ ချကာ လေထဲမြှောက်ခါ လိုက်ပြီး
မျက်စိ တစ်မှိတ်အတွင်း၌ပင်
သပ်ရပ်စွာခေါက်လိုက်သဖြင့်
သော်က အံ့ဩ စွာဖြင့်
ချီးကျူးစကားပြောရန် ပြင်လိုက်တုန်း

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now