Part 14

3.5K 687 60
                                    

ဂန္တဝင်၌တွယ်ငြ်ိခြင်း
အပိုင်း (၁၄)

ရေစက်ချပြီး
ဘဘုန်းကို ကန်တော့ကာ
ဘုန်းကြီးကျောင်းကနေ သော်က
အမြန်သာ ထွက်လာတော့ သည်။

လက်ထဲ က ခံပန်းခိုင် နှစ်ခက်ဆီက်ို
အကြည့်ရောက်တော့
ရွှေမောဓော ဘုရားတော့ မဖြစ်မနေသွားသည့်ဟုထင် ၍ ဘုရားရင်ပြင်တော် ပေါ်သို့ သွားရန် ခြေဦးလှည့် မိသည် ။

ကျောင်းပေါ် ကို မော့ကြည့်လိုက်တော့ ရာဟု က ဘုန်းကြီး နဲ့ စကား ပြောနေတုန်း
သူကြည့်နေတုန်း ရာဟု က ဖျက်ခနဲ
ပြန်လှည့်ကြည့်သည်။

သည်လူဟာ စစ်သူကြီး မို့လို့လား မသိ
သူ့ကိုသော်ကကြည့်နေပြီ ဆို ပြန်ပြန်
ကြည့်တာ ။
တော်တော်လျင် တာ ဘဲ လား
ခံစားချက် က ဘဲ အရမ်း သွက်နေတာလား မပြောတက်တော့ ။

သော်က အကြည့်တွေ ကို ဖျက်ချ
လိုက်ကာ အနောက်မှ အထိန်းတော်ကြီး
လက်ကို ဆွဲ ၍ ရွှေမောဓော
ရင်ပြင်တော်ပေါ်သို့ တက် ရန်ပြင်သည်။

ဟိုလူကြီး နဲ့ သူ မျက်နှာချင်း
မဆိုင်ချင်ပါ။
ဒါဟာ သူ သူ့သူငယ်ချင်းမလေး ယသော် နဲ့ ဖြစ်ခဲ့တုန်း က ခံစားချက်မျ်ိုး ပေဘဲ ။
ဟုတ်တယ် ဒီထက် ဘာမှမပိုသလို
မလိုလည်းမလိုဘူး ။

ခပ်ဝေးဝေးနေလိုက်ရင် ဒီပြသနာ ဖြေရှင်းပြီး သားဖြစ်သွားမာ ။

မေတ္တာတရားသည်အေးမြသည်။
အကြင်နာသည် နွေးထွေးသည်။
ဂရုဏာသည် လင်းလက်သည်။
သည် တရား သုံးပါးကား
ဆုပ်က်ိုင်ရန်လွယ်သည်။
ဆုပ်ကိုင်ရန်ကော လွှတ်ချရန်ကော အခက်ဆုံးတရားမှာ ကား ဥပက္ခာ တရားဖြစ်ကြောင်း ကိုတော့ သော်က ယခုအခါ လက်မခံချင်သော်လည်း လက်ခံ
ရတော့ပေလိမ့်မည် ။

အဘယ့်ကြောင့်ဆိုသော်
မြောက်ဘက်မုဒ် မှ တက်လာလာ ခြင်းတွေ့လိုက်ရသည် က ရာဟုထောင့်။

မမြင်ချင်ယောင်ဆောင်ကာ
သွားဖို့ပြင်သော်လည်း မသိစိတ်က
ခြေလှမ်းတွေ ဦးတည်နေလို့
ဦးနှောက် က မနည်း ပြန်ထိန်းနေရသည့်ဟန် ။

'မဖြစ်ဘူး
ရာဟု ဆိုတိုင်း ရာဟုသား ဟုတ်ချင်မှ ဟုတ်မာလေနော့် '

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now