Part 32

2.4K 466 26
                                    

ဂန္တဝင်၌တွယ် ငြိခြင်း
အပိုင်း (၃၂)

သော်ကမှာ မိမိ အရှေ့ရှိ ချောမောလှပသူမိန်းမပျိုမှ မိမိကိုယ်ကို မိတ်ဆက် လေသောအခါ
အံ့ဩ ခြင်း များစွာ ဖြစ် ၍ ပါးစပ်ပင်မစေ့နိုင်သော်လည်း

ရာဟု မှာ မူ မထူးဆန်းသော အမူ အယာနှင့် ပင်

"နှမငယ် ခါး က ငွေခါးပတ် အဆောင်အယောင် ကို တွေ့ ကတည်း က
မော ကုန်းမြင့် မှ လာမှန်း
ကိုယ်တော်ရိပ်မိပါတယ်"

ရာဟု စကား က်ိုကြားသည်နှင့်မွန်ခ ကား
နှစ်ခြိုက်စွာ ပြုံးသည် ။

"တကယ်ဘဲ လျင်မြန်ပါပေတယ်
ကေတုမတီမြို့စားမင်း
'ရာဟုသင်္ဂမဏိ' ဆိုပြီး နာမည်ကျော်စော သတင်းကြီးနေတာ အလကား
မဟုတ်ချေပေဖူးဘဲ"

ရာဟု ကား မိမိ ကို ချီးကျူးနေသူ
မိန်းမပျို ကို တစ်ချက် မျှ
သာစောင်းငဲ့ကြည့်လျက်
ဦးခေါင်း ကို ညွတ့် ကာ အရိုအသေ အသိအမှတ်ပြုဟန်ဖြင့် တစ်ခွန်းမျှသာ
ဆိုသည်။

"မဝံ့ရဲပါဘူး နှမငယ်"

ခါးမတ်မတ်ဖြင့် တင်ပလင်ခွေ ထိုင်နေကာတည်ငြိမ်ချောမော  ခြင်း အပြည့်ကိုဆောင်သည့် မင်းခယောက်ကျား
သူရဲကောင်းသည်
စောမွန်ခ အား တည် ငြိမ်စွာ ပင်
စကား တစ်ခွန်း မျှ ဆိုကာ အကြည့် တစ်ချက်မျှသာပေးသည် ။

"အာ့ ရာဟု ကျွန်တော့ မျက်လုံးထဲ
ဘာဝင်သွားသလဲ မသိဘူး"

ပြောရင်း မျက်စိ ကို ပွတ်ကာ
မျက်ရည်များ ကျလာသူ
သော်က ကြောင့် ရာဟု မှာ
ပြာပြာသလဲလဲ နှင့်

"ဟင် ဟုတ်သလား
ကိုယ်တော့ကို ပြ"

နှစ်ဦးသား မှာ ပူးကပ် ကာ
တစ်ယောက်မှာ လည်း
ယုယု ယယ ဖြင့် မေးစေ့က်ို ကိုင်ကာ
မော့စေ ပြီး ကြင်နာစွာ ဖြင့် အမြတ်တနိုး
လေမှုတ်ပေးနေလေသည်။

နောက်တစ်ယောက်မှာလည်း
ကျေနပ်ခြင်း အပြည့်ဖြင့်
မျက်လုံးမှိတ်ကာ  ခံယူနေလေသည် ။

ဤ အချင်းအရာကို ကြည့်ကာ မွန်ခ ကား
ကြိတ် ၍ တွေးမိသည် ။

'ကြားနေရတဲ့ သတင်းတွေ က
အမှန်ပေဘဲ လား'

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Où les histoires vivent. Découvrez maintenant