Part 37

2.4K 469 8
                                    

ဂန္တဝင်၌တွယ်ငြ်ိခြင်း
အပိုင်း (၃၇)

ခေမာ  အိမ်ထဲ လှမ်းဝင် လိုက်တာနဲ့ အိမ်ပေါက်ဝ မှာ ထိုင်နေရင်း သူ့က်ို ဆွေးဆွေးမြေ့မြေ့နှင့်ကြည့်နေပါသော
အစ်ကိုတော် ကြောင့်

အသက်ကို ဝဝ ရှု သွင်းလိုက်သည်။

'ကံကြမ္မာ က ရွေးချယ်ခွင့်မပေးတော့ လည်း ကိုယ်တိုင်ဘဲ
ဖန်တီး ယူရ တာပေါ့'

"အစ်ကိုတော် ဒီတစ်ခေါက် နန်းတော်ထဲ ဝင်မယ့် ရံရွှေ တော် ရွေးချယ်ရေး ကို အစ်ကိုတော် တာ ဝန်ယူထား ရတာ ဆို"

အစ်ကိုတော်က ခေမာ့ အမေး က်ို မဖြေ ဘဲ နားမလည်သလို စေ့စေ့ကြည့် လေတော့

"ဒီညိီမလေး က အစ်က်ိုတော် ကို
အစွမ်းကုန် ပံ့ပိုးပေးမှာမို့ မင်းတရား ကြီး ကို ဆက်မယ့် ရံရွှေတော် စာရင်းထဲ ခေမာ့ ကို ထည့်လ်ိုက်ပါ"

"ခေမာ ညီမလေး ...!"

သူ့စကားဆုံးတော့ အစ်က်ုတော်က သူ့ကို
အံ့ဩကြီးစွာ နှင့် ကြည့်ရင်း
အသံ ကျယ်ကျယ် နှင့်ပင်
အော်မိ လိုက်တော့

ခေမာ က အရာ အားလုံး ကို ဆုံးဖြတ် ပြီး သား လူ လိုပင် ..။

"ထည့်လိုက် ...နန်းတော်ထဲ သွားမယ်
မြေခွေး က်ို သတ်ချင်ရင် ခြင်္သေ့ လောက်က်ိုတော့ ကိုယ့် ဖက် မှာ ရှိနေမှ ဖြစ်မယ်မလား"

"ခေမာ နင် ထင်သလောက် အရာအားလုံး က မလွယ်ဖူးနော် နန်းတော်က
သိပ်ကိုမာယာများ တယ် နန်းတော်ထဲ က
မိန်းမ တွေ အကုန်လုံး က..."

"သိတယ် ငါသိတယ် ဘာလဲ နင် က အဖ သားအရင်း ဖြစ်တယ်ဆိုတဲ့ မဟုတ်မမှန်စကား ကို ကြားချင်နေသေးတာလား"

"မဟုတ် ငါက"

ပြောရင်း ဝဏ္ဏ ခေါင်း အစုံ က
အောက်သို့ စိုက်ကြ သွားတာ မို့

ခေမာ မိမိ အစ်ကိုတော် ဘေး သွားကာ ထိုင်ချလိုက်ရင်း ..

"အစ်ကိုတော် မျက်နှာကိုမော့ စမ်းပါ
နင်ကတော့ ငါ့လို တစ်သက်လုံး
လူ့တံတွေးခွက်ထဲမြောလို့မဖြစ်ဖူး
ကြံ့ကြံ့ခံ စမ်းပါ"

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now