ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၆)ညနေ နေအနည်းငယ်လျော့ လာသည်နှင့် ဘုန်းကြီးကျောင်းမှ ပြန်ရမည့်
အချိန်ရောက်သော အခါ
ရာဟု မှ"အမိနှင့် မနော်ဦး အရင်ပြန်နှင့် ပါ
ကျွနိုပ်သော်က ကို ခေါ်ပြီး သွားစရာနေရာလေးရှိနေသေးလို့ရယ်"အမိကား ညင်သာစွာပင် ခေါင်းငြိမ့်ပြ၍
မနော်ဦး ကို ခေါ်ကာ အိမ် ကို အရင်ပြန်နှင့်လေသည်။အမိထွက်သွား သည် သေချာကာမှ
"လာ သော်က ကိုယ်တော် မောင်မင်း ကို
ပေးချင်တာလေးရှိတယ်"ပြောရင်း သော်က ပုခုံး ကို ကိုင်ကာ တစ်နေရာ ကို ဆွဲခေါ်နေသည့်
ရာဟုကြောင့် သော်ကမှာ ကြောင်အအနှင့်"ဘယ်သွားမလို့လဲ"
"လိုက်ခဲ့ မြင်ရင် သိမယ်"
ပြော ရင်း သူ့ကို အတင်းဆွဲခေါ်နေသော ရာဟု ကြောင့်
သော်က မှာ ကို့ယို့ကားယားနှင့်
ပါသွားရသည်။"ဖြည်း ဖြည်း လျှောက်ပါ ရာဟုရဲ့
တစ်စုံတစ်ခုများ အလျင်လိုနေသလား"သူ့ရဲ့ ဟန့်တားသံ စကား ကြားကာမှ
ရာဟု က သူ့လက်က်ိုဆွဲရင်း
အမြန်လျှောက်နေရာမှ
လှည့်ကြည့်လာလေသည် ။ပိုးထည်အကျီင်္ အရောင်နုနု လေးသည် ကောင်လေးနှင့်ကောင်းစွာပနံသင့်သည်။
ကေတုမတီသည် သစ်ရိပ်ဝါးရိပ်မျာဋကြောင့် အမြဲ ရီဝေမှိုင်းနေသော်လည်း ကောင်လေး ၏
မျက်လုံးညိုညို များကို မမှီ။"ရာဟု ပြောလေ ဘယ်သွားမလို့လဲ လို့"
"ရောက်ရင်သိရမှာပေါ့ ကိုယ်တော သော်က ကို ကတိပေးထားပြီး အခုထိ မလုပ်ပေးရသေးတဲ့အရာအတွက်လေ"
"ပွဲစျေး လား ဇာတ်ပွဲလား"
ရာဟု က သူ့ကို လှည့် ကာပြုံးရင်း
"သွားချင်လို့ လား ဟိုဖက် ရွာမှာ
သီတင်းကျွတ်ပွဲစျေးတနိးရှိတယ်လို့တော့
ကြားတယ် ""အာ ...ဒါဆို ပွဲစျေး မဟုတ်ဘူးဘဲ
ဘာပါလိမ့် ကျွန်တော့် ကို ပေးမှာ"
YOU ARE READING
Historical Fictionဂန္တဝင်ထဲမှာ လှလှပပတည်ရှိနေသောသူနှင့် ဒီတွယ်ငြိခြင်းထဲ က မရုန်းထွက်နိုင်သောကျွန်တော်...! ဒိီစာကို ဖတ်ပြီး ကေတုမတီ ကို တစ်ခေါက်လောက် အရောက်သွားဖူး ချင်တယ်လို့ ခံစားမိရုံ သမိုင်းကြောင်း ကို မြတ်နိုးသွားမိရုံ နဲ့တင် ဒီ တွယ်ငြိခြင်း ကို ဖန်တီးရကျိုးနပ...