Part 23

3.2K 581 63
                                    

ဂန္တဝင်၌တွယ်ငြိခြင်း
အပိုင်း (၂၃)

သော်က ရာဟု ခြေထောက်ကို သေချာ ဆေး ထည့် ပတ်တီးစည်းပေးလိုက်ပြီး
ရေဇလုံ ကို ကိုင်ကာ သွားမည်အပြု

ရာဟု က

"သော်က မောင်မင်း ကိုယ့်တော့်
မေးခွန်းလေး  ဖြေသွားဦးလေ"

သော်က က ရေဇလုံ ကို ကိုင်ကာ
မတ်တပ်ရပ်လျက်နှင့်ပင်ရာဟု
ကိုမျက်စောင်းထိုးသည်။

"မနော်ဦး ပြောတာ မကြားဘူး လား
ကျွန်တော်လည်း
သုံးနှစ်သုံးမိုး ..."

ပြောပြီး ကာမှ သော်က သတိရသည်

'ငါ ဒီမှာ သုံးနှစ်အထိကော နေရပါ့မလား
ရာဟုရေ
ကျွန်တော် ဟိုဘက် ၂၁ ရာစု ကိုပြန်ရောက်သွားရင် ခင်ဗျား
ဘယ်လို ကျန်ခဲ့ မလဲ '

"သုံးနှစ်သုံးမိုး ဆိုလည်း
ကိုယ်တော်စောင့်နိုင်ပါတယ် သော်က ရယ်
အဲ တစ်ခုတော့ ရှိတာပေါ့ "

သော်က က သူ့ ကို 'ဘာလဲပြော'ဟူသော သဘောဖြင့် မေးဆတ်ပြတော့
ရာဟု က ရုပ်တည်ကြီး နှင့်ပင်

"အိမ်တစ်ဆောင် ဆောက်ဖို့
အချိန်လုံလုံလောက်လောက်ဖယ်
တဲ့အနေနဲ့  ဒီတန်ခူးကျော်တာနဲ့
လက်ခံမခံ အကြောင်းပါးပါးလေးတော့ ပြန်စေချင်တယ်
ဒါမှ သုံးနှစ် သုံးမိုးနားဖောက်တဲ့အခါတော်ကာကျမယ်ပေါ့လေ
ကိုယ်တော်ပြောချင်တာလေးက"

သော်က ကေတုမတီသားကြီး ၏ စကားတက် မှု ကို ယောင်၍
ပြုံးမိတော့သယောင်ပင်
ဖြစ်သွားရတကား
မနည်း ဟန်ပြန်ထိန်းရသည်။

"အင်းလေ သဘောပေါ့"

ရာဟု ကား ခြေထောက် အနာ ကိုမှ မမှု
ဆက်ခနဲ ထိုင်နေရာမှ ထကာ
သော်က ရှေ့ ရောက်လာပြန်သည်။

"ဘာတုန်း ဖယ်ဗျာ
မနော်ဦး ကို ညနေစာ
အတွက်ဝိုင်းလုပ်လိုက်ဦးမယ် "

ရာဟု ကား သူ့ ကို ပြုံးတုံ့တုံ့ နှင့်ကြည့်ကာ ဖယ်မပေး

ဂန္တဝင်၌တွယ်ငြိခြင်း (ဂန္တဝင်၌တွယ်ငြိခြင်း)Where stories live. Discover now