ep 7

7.8K 844 37
                                    

#Unicode
ထယ်ယောင်းတစ်ယောက်ထဲညနေရောက်တော့ယောင်ချာချာဖြစ်နေတော့သည်။ထမင်းစားဖို့ပြင်ဆင်နေရင်းမှာသွားတဲ့စကားတွေကနားထဲမှာတစ်ခုချင်းကြားယောင်လာသည်။နေ့ခင်းကအဒေါ်ကြီးလာပို့သွားသောဟင်းဘူးတွေကိုကြည့်ကာကိုယ်စားချင်တဲ့ဘူးလေးတွေကိုထုတ်လိုက်သည်။ဝက်သားအစပ်ကြော်ကိုပန်းကန်လုံးထဲနဲနဲခွဲထည့်ကာဘူးကိုသေချာပြန်ပိတ်ပြီးရေခဲသေတ္တာထဲကိုပြန်ထည့်လိုက်သည်။ကျန်တဲ့အရွက်ကြော်နဲ့အရံဟင်းတစ်မျိုးကိုလည်းအနည်းငယ်ခွဲထည့်ပြီးပြန်ထားလိုက်သည်။ဟင်းတွေကိုအများကြီးနွှေးပြီးမှ မကုန်ပဲပြန်ထည့်ရင်ဟင်းကျန်တွေဖြစ်သွားပြီးသိုးကုန်လိမ့်မယ်လို့မှာသွားသည်။ထမင်းကတော့အကိုနဲ့အမကညနေကချက်ပေးသွားသည်။ဖုန်းတောင်မဆက်ဘူးဂျပန်ရောက်နေပြီကို ဆက်ပြန်ရင်လည်းအထင်သေးသွားမှာစိုးရိမ်သည်။
အချစ်မှာအထင်သေးတာတွေဘာတွေစိုးရိမ်စရာလိုလဲ ကိုယ့်ချစ်သူကိုယ်ဖုန်းဆက်တာပဲလေ အမျိုးမျိုးတွေးနေရင်းနဲ့ဖုန်းဆက်ဖို့ပြင်လိုက်သည်။

"အာ...ဖုန်းလည်းမဆက် ဖုန်းလည်းမကိုင်နဲ့ဒီလူကြီးကတော့"

ဖုန်းဝင်နေတာမကိုင်လို့သုံးခေါက်ဆက်တိုက်ခေါ်တဲ့အထိမကိုင်။ဖုန်းကိုပစ်ချလိုက်တော့ဖုန်းသံထမြည်လာသည်။အပြေးအလွှားကောက်ယူကာကြည့်လိုက်တော့ ချန်းလေးဆီကဖုန်းဖြစ်နေသည်။

"ပြော..."

"မင်းအသံကြီးကလည်းဘာဖြစ်နေတာလည်းကွာ"

"ဟိုလူကြီးလေ ဂျပန်ရောက်သွားပြီလေ ငါဖုန်းဆက်တာမကိုင်ဘူး"

"အလုပ်မအားလို့နေမှာပါကွာ မင်းဘိုးတော်မရှိတော့ပိုပျော်ရမှာလေ"

အောင်မယ်အခုမှအသက်ငယ်ငယ်လေးရှိသေးတဲ့ငါ့ရဲ့ ဂျွန် ကိုများဟိုဘိုးတော်တဲ့။အနားရှိရင်ထိပ်ကိုနာနာခေါက်ပစ်လိုက်ချင်တာ။

"ဒီမှာ အကိုကြီးချန်း ကျွန်တော်ရဲ့ဂျွန်ကိုဘိုးတော်လို့မပြောနဲ့ မကြိုက်ဘူး"

"အမလေး ကင်မ်ထယ်ယောင်းတို့များနော် တော်ပါပြီ မင်းရဲ့ဂျွန်ဆိုတာကြီးနဲ့ရန်ဖြစ်ရင် ငါ့လာမပြောနဲ့နားထောင်မပေးဘူး"

 Simplicity of love √Completed √Where stories live. Discover now