ep 18

7.3K 681 13
                                    

#Unicode
ထယ်ယောင်းမှာမနက်မိုးလင်းတာနဲ့
ပိုက်ဆံအိတ်ယူပြီး ကားသော့ယူကာဆေးရုံထွက်လာလိုက်သည်။
ဟိုရောက်တော့ မမရေချယ်လ်အပြင်
မမမီဆိုပါရောက်နေသည်။

"မမတို့နှစ်ယောက်လုံးလာတာလား"

"အေးငါပါလိုက်လာတာ
စိတ်ပူလို့ ပြီးတော့မမမှာကိုယ်ဝန်ရှိနေပြီလေ"

"ဟုတ်လား ဝမ်းသာပါတယ်"

ထယ်ယောင်းအတွက်ဒါကနိမိတ်ကောင်းတာပဲပေါ့။
ဘာမှမဖြစ်ဘူး ဒါဟာပုံမှန်ပါပဲ။
တစ်ခုခုလွဲချော်ပြီးဂျွန်သိသွားရင်သူ့ကိုသတ်မှာကျိန်းသေသည်။

"မမတို့ ငါလန့်လိုက်တာ ဂျွန်သိရင်
ငါသေမှာ"

မျက်စိပျက်မျက်နှာပျက်ပြောလာသောထယ်ယောင်းကြောင့်သူတို့လည်းစိတ်မကောင်း။
တစ်ခုခုသာမှားသွားခဲ့ပါက သူမတို့လည်းရင်ကျိုးရမှာ။

"ကဲ.....ထယ်လေးသဘော မမတို့က
မတိုက်တွန်းဘူး ဘာပဲဖြစ်ဖြစ်
ထယ်လေးဘက်မှာမမတို့ရှိနေမှာ"

ထယ်ယောင်းလည်းသက်ပြင်းချရင်းကားရပ်ထားသောနေရာသို့
ပြန်လှည့်လာလိုက်သည်။
ဂျွန်မသိပဲဘာမှမလုပ်ချင်။
ပြန်လှည့်လာပြီးမှ ရပ်စဉ်းစားကာ
ဆေးရုံဘက်ပြန်လှည့်လိုက်ပြန်သည်။

"ရောက်နေမှ သွားကြတာပေါ့
ဘဝမှာတစ်ခါပဲဒီလိုအမှားကိုကျူးလွန်လိုက်မယ် အောင်မြင်သည်ဖြစ်စေ
မအောင်မြင်သည်ဖြစ်စေ ဒီတစ်ခါပဲ"

အမတွေလည်းထယ်ယောင်းနောက်ပတ်လိုက်နေရပြီးခေါင်းငြိမ့်ပြကြသည်။

"ငါအပျိုကြီးလုပ်ပြီး
နင်တို့ကလေးတွေပဲထိန်းတော့မယ်
လက်မထပ်ချင်တော့ဘူး"

မမရေချယ်လ်ကရယ်ပြီးပြောလာသည်။
ကျွန်တော်တို့ကိုကြည့်ပြီးစိတ်ပျက်နေတဲ့ပုံပေါက်နေရော။
ချိန်းထားတဲ့ဆရာဝန်ကြီးတွေရှိရာဆီလာခဲ့လိုက်ကြသည်။
ဆရာဝန်ကြီးတွေကလိုအပ်တာတွေမှာကြားပြီးတာနဲ့ဂျွန်ကိုပါအသိပေးခိုင်းသည်။
ကျွန်တော်ကလည်းမပြောရဲ။

"မမတကယ်ငါကလေးလေးရောက်လာပြီဆိုမှဂျွန်ကို အသိပေးမယ်
အခုတော့ငါတို့ဒီတိုင်းနေကြတာပေါ့"

 Simplicity of love √Completed √Donde viven las historias. Descúbrelo ahora