ep 16

8K 721 18
                                    

#Unicode
ထယ်ယောင်းစာမေးပွဲပြီးလို့
ကျောင်းပိတ်သွားပြီဖြစ်သောကြောင့်
အိပ်ရာကနိုးနေပေမယ့်လည်းမထသေးပဲဇိမ်ယူနေလိုက်သည်။
အဘိုးတို့နဲ့နေသလို
မနက်စာအတူစားဖို့လည်း
အစောကြီးထစရာမလို။
ဂျွန်ကအပြင်လျှောက် မသွားရင်ပြီးရော....
အိမ်မှာစိတ်ကြိုက်နေခိုင်းသည်။
အဘိုးရဲ့စည်းကမ်းတွေဝေးရာရောက်နေပေမယ့်လည်း ဂျွန်ရဲ့စည်းကမ်းတွေကလည်းမလွယ်။
ငါလေးကစည်းကမ်းတင်းကျပ်တဲ့နေရာမှာနေ,နေရလို့ ဆိုးချင်နေတာဖြစ်မှာ။
လွတ်လပ်စွာပေးနေရင် ငါက
လိမ္မာနေမှာမလွဲ။
ကိုယ့်ကိုယ်ကိုအမွှန်းတင်ပြီးပြုံးနေလိုက်သည်။

"ဘေဘီ  ရာအင်းစာတင်ထားတာမြင်ပြီး ပြုံးနေတာလား"

အခန်းထဲဝင်လာတဲ့ဂျွန်က
ပြောလိုက်ပေမယ့် ထယ်ယောင်းနားမလည်။

"ကျွန်တော် ဖုန်းမသုံးရသေးဘူး
ရာအင်းကဘာရေးထားလို့လဲ"

"သူရောဂါဖြစ်နေလို့ ကိုယ်က
သူငယ်ချင်းအနေနဲ့ကူညီပေးတာဖြစ်လို့
ကိုယ်တို့ကိုမဟုတ်မမှန်တွေမပြောကြဖို့ရေးထားတာ"

"သူတကယ် အဲ့လိုရေးလိုက်တာပေါ့"

ဂျွန်ကခေါင်းငြိမ့်ပြရင်း
သူ့ဖုန်းမြည်လာလို့ ကိုင်လိုက်သည်။
ထယ်ယောင်းလည်း အိပ်ယာထလိုက်ရသည်။

"ရာအင်းရေ အဆင်ပြေရဲ့လား"

ဂျွန်ကဖုန်းကို speaker ဖွင့်ထားပြီး
ထယ်ယောင်းထိုင်နေတဲ့ကုတင်ဘက်ကိုလာထိုင်ကာ ဖုန်းပြောနေသည်။

"ငါအဆင်ပြေပါတယ်ဂျောင်ဂုရေ
မေမေတို့ဖွားဖွားတို့လည်းရောက်နေကြပြီ နင့်ကိုကျေးဇူးတင်ပါတယ်တဲ့မေမေတို့က"

"အာ...ရပါတယ်ဟာ
ပြောရမယ့်သူတွေမှမဟုတ်တာ"

"အင်း...ထယ်ယောင်းလေးကိုငါက
ကျေးဇူးတင်ပါတယ်လို့ပြောပေးပါအုံး"

ရာအင်းက ကျေးဇူးတင်ကြောင်းပြောနေလို့ဘေဘီပြောရအောင်ဖုန်းရှေ့တိုးပေးလိုက်ပေမယ့် ခေါင်းခါပြသည်။
ဂျောင်ဂုမှာပါးကိုဆွဲညှစ်ပြီး
စလိုက်ရင်း ရာအင်းကိုပြောရသည်။

"အေးပါ ငါပြောလိုက်ပါမယ်
နေကောင်းအောင်နေနော် ရာအင်း"

"အားနာပေမယ့်ငါ့အလုပ်လေးတွေတော့ တစ်ချက်ကြည့်ပေးပါနော်"

 Simplicity of love √Completed √Unde poveștirile trăiesc. Descoperă acum