Final

9.8K 747 49
                                    

#Unicode
ဂျောင်ဂု ကုမ္ပဏီသွားဖို့အဝတ်လဲနေရင်း အဝတ်တွေလျှော်ခြင်းထဲထည့်နေတဲ့ ဘေဘီကိုကြည့်နေမိသည်။

"ဘေဘီ မနက်ဖြန်ဆေးရုံသွားရမှာပေါ့"

"ဟုတ်တယ်ဂျွန်
အောင်မြင်သည်ဖြစ်စေ
မအောင်မြင်သည်ဖြစ်စေ
ဒီတစ်ခါနောက်ဆုံးပါပဲ"

"အင်း...ကိုယ်တို့သွားကြတာပေါ့"

အခုဆိုနှစ်ဖက်မိဘဆွေမျိုးတွေပါသိကုန်ပြီ။
သိတဲ့အချိန်တုန်းကဆိုရင်
ဖေဖေကအကြီးအကျယ်ဒေါသထွက်ပြီးထယ်ယောင်းကိုဆူခဲ့သည်။
မေမေကတော့ အခုထိဆုတောင်းနေမြဲ
ကျွန်တော်ကျန်းမာဖို့ကို။
ဂျွန်ကလည်းအရိပ်တကြည့်ကြည့်နဲ့
နိုင်ငံခြားကစက်ရုံတွေဘက်တောင်
မသွားတော့ပဲ သူ့အဖေကသာကြည့်ပေးနေသည်။
ဆေးရုံသွားပြမယ့်ရက်ရောက်ခါနီးလေ
ရင်တုန်လာလေပါပဲ။

**********

ဆေးရုံသွားမယ့်အချိန်
ရောက်တော့လည်း
ဂျွန်ကစိတ်ပြေလက်ပျောက်ဖြစ်အောင်
စကားတွေပြောပေးနေသည်။
ဆရာဝန်ကြီးတွေ စမ်းသပ်တော့လည်းသူပါအနားမှာနေပေးသည်။

"ကဲ....CEOဂျွန် ဂုဏ်ယူပါတယ်
ကိုယ်ဝန်ရှိနေပါပြီ"

ဆရာဝန်ကြီးရဲ့ပြောသံအဆုံးမှာ
ဂျောင်ဂုရဲ့စိတ်ထဲမှာ ခံစားချက်က
ပြောမပြတက်အောင်ဝင်ရောက်လာသည်။
နွေးထွေးလွန်းတဲ့ခံစားချက်လေးက
ဒီစကားသံလေးတစ်ခွန်းမှာဖြစ်ပေါ်ခဲ့ပြီ။
လူနာကုတင်ပေါ်ကဘေဘီကိုငုံ့ကြည့်လိုက်တော့
မျက်ရည်တွေဝဲကာပြုံးနေသည်။
ကိုယ်တို့ဒီလိုအတူရင်ဆိုင်ကြတာပေါ့။

"အခုအခြေအနေက ဘာမှလှုပ်ရှားတာတွေမလုပ်နဲ့အုံး ၅လပြည့်လောက်ပြီဆိုမှစိတ်ချရမယ့်အနေအထားကိုရောက်မှာ အဲ့အချိန်မရောက်ခင်အထိ
ဂရုစိုက်ရမယ် ပြီးရင်ဆေးတွေထိုးဖို့ တစ်ပါတ်တစ်ခါ
ဆေးခန်းလာပြရမယ် ကျန်တာတွေကတော့ CEOဂျွန်လည်းသိမှာပါ
ကံကောင်းမှာပါ အရမ်းတော့စိတ်မပူပါနဲ့"

"ကျေးဇူးတင်ပါတယ်ဗျာ
အကောင်းဆုံးဆေးတွေသာသုံးပေးပါ
ပါရဂူကြီးတို့ဆုံးဖြတ်ချက်အတိုင်းလိုက်နာပါမယ် ကျွန်တော်တို့
ကလေးလေးကိုအကောင်းဆုံး
ဖြစ်အောင်သာစောင့်ရှောက်ပေးပါ"

 Simplicity of love √Completed √Where stories live. Discover now