ep 5

8.8K 931 52
                                    

#Unicode
ဂျောင်ဂုတို့ဈေးဝယ်ပြီးအိမ်ပြန်ရောက်လာကြတော့ည6နာရီလောက်ရှိနေပြီဖြစ်သည်။

"babe ရေအရင်ချိုးအဝတ်တွေကနောက်နေ့မှလျှော် ကိုယ်ကညစာချက်လိုက်အုံးမယ်"

"ကူပြီးလုပ်ပေးမယ်လေ ဘာလုပ်ပေးရမလဲ"

"ရတယ်သွား သွား အေးနေပြီရေပူနဲ့ချိုးနော်"

ထယ်ယောင်းလည်းအပေါ်ထပ်သို့သာတက်လာလိုက်သည်။ကုန်တိုက်မှာစားချင်တာတွေအကုန်ဝယ်ခိုင်းသည်။မုန့်ဖိုးသုံးဖို့ကိုလည်းကဒ်အသစ်လုပ်ပေးထားတယ်။ကားသော့လည်းပြန်ရပြီဘာပူဆာရအုံးမလဲသာထပ်ပြီးစဉ်းစားနေမိသည်။ကားသော့ရကြောင်းကိုဓာတ်ပုံရိုတ်ပြီးအမတွေဆီကိုအားကျမခံကြွားလိုက်သည်။လူကိုများဒုက္ခသည်စခန်းပို့လိုက်သလိုပြောနေကြသည်။

"ဟယ်လို"

"ဂျွန် ကျွန်မတို့ပါ"

ဂျောင်ဂု ဟင်းချက်ဖို့ပြင်နေရင်းဖုန်းလာတာကြောင့်ဖုန်းနံပါတ်မကြည့်မိဘဲကိုင်လိုက်မိသည်။
ဘယ်သူတွေရှိနိုင်အုံးမလဲ။
ထယ်ရဲ့အမတော်နှစ်ယောက်။

"အောင်မယ် နင်တို့ကအတူရှိနေကြပါလား အခုဘယ်မှာလဲ"

"ငါတို့ သူငယ်ချင်းတွေနဲ့ညစာစားဖို့ထွက်လာကြတာ"

"ဟဲ့ဂျောင်ဂု နင့်ရဲ့ဘေဘီ ငါတို့ရဲ့အဆိုးလေးကလှမ်းကြွားတယ်တော်
ကားသော့ ကဒ် မုန့်ဝယ်ပေးတာတွေ အားရပါးရကြွားသွားတာ"

"ဟားဟား သူပျော်နေတာ"

ဂျောင်ဂုရဲ့ရယ်သံကြောင့်
ဟိုညီမကကဲ့ရဲ့ကာလှောင်ပါတော့သည်။

"အမလေးရယ်နေတာများ နင်ရောပျော်နေတာမလား အရမ်းလည်းအလိုမလိုက်နဲ့အုံး သူ့ကိုစည်းကမ်းရှိအောင်အဖိုးကနင့်ကိုအပ်ထားတာနော်"

"အေးပါဟ ငါ့ကလေးလေးကချော့ပြောရင်ရပါတယ်ဆို ဒါပဲနော် ငါညစာချက်နေလို့"

"အော် ဂျောင်ဂု ဂျောင်ဂု ဒုက္ခကြီးကြီးကိုရှာထားသကိုး ချက်ပေအုံးပေါ့..."

မီဆိုနဲ့ရေချယ်လ် ပြောလည်းပြောချင်စရာပင်။ကောင်လေးတစ်ယောက်ကိုချစ်မိသွားလိမ့်မယ်လို့စဉ်းတောင်မစဉ်းစားဘူးခဲ့။အခုတော့ဒါဟာဒုက္ခဆိုလည်းကိုယ်ကတော့သုခဖြစ်အောင်ပြောင်းပစ်မှာပေါ့ ဘေဘီအဆိုးလေးရေ။

 Simplicity of love √Completed √Where stories live. Discover now