Christmas🎄

4.2K 353 19
                                    

#Unicode

ကုတင်ပေါ်မှာထိုင်ပြီးဂျောင်ဂုက Laptopနဲ့အလုပ်ရှုပ်နေသလို ဘေးနားမှာထိုင်နေတဲ့သားကလည်း စတော်ဘယ်ရီသီးပန်းကန်နဲ့အလုပ်ရှုပ်နေတော့သည်။TVမှာလာနေတဲ့ကာတွန်းကားကိုကြည့်နေပြီး သူသဘောကျတဲ့နေရာမှာဆို အသံထွက်ပြီးရယ်နေသလို
ပါးစပ်ကလည်း မျိုးစုံပြောသေးသည်။
ဂျောင်ဂုမှာအလုပ်ရှုပ်နေပြီး သားကိုအချိန်ပြည့်ကြည့်မနေနိုင်ပေမယ့် သားရယ်သံကြားရင် အလိုလိုပြုံးမိသွားပြီး
သားကိုတစ်ချက်တော့ကြည့်မိသွားမြဲ။

"ဒယ်ဒီ အလုပ်တွေမပြီးသေးဘူးလား
သားအိပ်...ချင်နေပြီ"

သားရဲ့အသံလေးက အိပ်ချင်နေမှန်းကိုသိသာစေသည်အထိ ခပ်လေးလေးဖြစ်နေသည်။အဲ့တော့မှသူလည်းနာရီကို ကြည့်လိုက်မိတော့ ည၁၂နာရီကျော်နေပြီပင်။သားက တစ်နေကုန်သင်တန်းကျောင်းမှာနေပြီး အိမ်တန်းမပြန်ရဘဲသူ့ရုံးခန်းမှာဝင်နေရတော့ ကလေးကကောင်းကောင်းမနားရသေး။အခုလည်းအချိန်ကအတော်လင့်နေပြီဆိုတော့ သားကပင်ပန်းပြီး အိပ်ချင်နေရှာတော့သည်။

"Sorryသားရယ် ဒယ်ဒီကနာရီမကြည့်လိုက်မိဘူး သားလေးအိပ်ချင်နေပြီပေါ့
အလုပ်မပြီးလည်းဘာအရေးလဲ ဒယ်ဒီ့သားလေးအိပ်ရဖို့သာအရေးကြီးဆုံး"

"ပါးပါးကဖုန်းလည်းမဆက်သေးဘူး"

laptop ကိုစားပွဲပေါ်တင်ပြီးတာနဲ့သားစားထားတဲ့စတော်ဘယ်ရီပန်းကန်ကိုပါယူပြီးတင်ထားနေရင်း ကုတင်ပေါ်ကနေပြောလာတဲ့သားရဲ့အသံလေး။

"ပါးပါးက ဖွားဖွားနေမကောင်းတော့ပြုစုပေးနေရလို့နေမှာပါ ဒါမှမဟုတ်
သားအိပ်နေပြီဆိုပြီး မနက်မှဆက်မလို့နေမှာပါ သားကပါးပါးကိုလွမ်းနေပြီလား"

"သားက လွမ်းနေပြီ ပါးပါးကသားကိုအကြာကြီးထားခဲ့တာ ပါးပါးနောက်လိုက်သွားချင်နေပြီ"

"အဲ့ဒါဆို Noahလေးက ပါပါးနောက်လိုက်သွားပြီး ဒယ်ဒီ့ကိုကြတစ်ယောက်တည်းထားခဲ့နိုင်တယ်ပေါ့"

ဂျောင်ဂုက သားထိုင်နေတဲ့ကုတင်အစွန်းလေးမှာမက်တပ်ရပ်ပြီးမေးလိုက်တော့ သားကထိုင်နေရာမှထလာပြီး သူ့ရင်ခွင်ထဲတိုးဝင်လာတော့သည်။

 Simplicity of love √Completed √Where stories live. Discover now