ep 8

7.9K 836 44
                                    

#Unicode
ဧည့်ခန်းထဲမှာတိတ်ဆိတ်နေတာလူရှိနေတယ်လို့ မထင်ရတဲ့အခြေအနေ။
ဖုန်းယူသွားလို့အဆက်အသွယ်ရရင်တောင်ဒီလောက်ဒေါသထွက်စရာအကြောင်းမရှိ။အခုကဖုန်းလည်းဆက်မရ သူ့သူငယ်ချင်းတွေဖုန်းလည်းမသိပေးထားတဲ့cardထဲကသာငွေထုတ်သွားတဲ့message တွေဝင်လာတယ်။ဘယ်လိုက်ရမှန်းမသိဘာဖြစ်နေမှန်းမသိတဲ့အခြေအနေမှာထိုင်စောင့်နေရတာအလွန်ကိုစိတ်ပူနေရတယ်ဆိုတာမသိတာလား။

"ပြောစမ်းပါအုံး မင်းကိုမှာခဲ့တာတွေနဲ့တလွဲတွေလုပ်သွားတဲ့အကြောင်း ငါဘယ်လိုစိတ်ချရမှာလဲ မင်းတစ်ခုခုဖြစ်သွားရင်အခုချိန်မှာငါ့ခေါင်းပေါ်အကုန်ကျလာမှာ မင်းမိဘတွေကဘာပြောမယ်များထင်နေလဲ မင်းအဘိုးကလည်းငါ့ကိုစိတ်ချလို့ထားတာလေ ဘာမှမစဉ်းစားဘဲလျှောက်လုပ်နေတာတွေကတော်ယုံဘဲကောင်းတယ်
ထယ်ယောင်း"

"ဟိုကလေးမလေးကဘယ်သူလဲ ဘာလို့ ဒယ်ဒီလို့ခေါ်တာလဲ"

"စကားလမ်းကြောင်းမလွှဲနဲ့ မင်းငါမေးတာသာဖြေ"

"အခုချိန်မှာဘာမှမဖြေနိုင်ဘူး ကြိုက်သလိုလုပ် ဘာပြောပြောယုံပေးမှာမှမဟုတ်တာ အဲ့ကောင်မလေးကဘယ်သူလဲဂျွန်"

ထယ်ယောင်းကို လိမ်နေတာလို့လည်းပြောထားသည်။သူ့ကိုချစ်တဲ့အချစ်တွေကိုလည်းမထီမဲ့မြင်ပြုပြီးပြောဆိုထားသည်။အခုဘယ်ကမှန်းမသိတဲ့ကလေးနဲ့အိမ်ပြန်ရောက်နေသည်။
အဲ့တော့ဘာဖြေရှင်းချက်မှမပေးဘူးကြိုက်သလိုလုပ်ပါစေတော့ ကျွန်တော်စိတ်ကုန်ရင်သူများနဲ့မတူဘူးဂျွန်။

"ငါ့သမီး သူဒယ်ဒီလို့ခေါ်တာမင်းမကြားလိုက်ဘူးလား"

"ကြားလိုက်တယ် အဲ့လိုကလေးရှိနေရဲ့သားနဲ့...ဘာလို့.. တော်ပါပြီမနက်ကျမှရှင်းပြပေးမယ်အခုကျွန်တော်ပြောပြလည်း ပိုဒေါသထွက်ဖို့ပဲရှိတယ်"

သူ့ရှေ့ကနေထွက်လာဖို့ပြင်တော့လက်ကိုစောင့်ဆွဲပြီးခေါ်လာကာ
ထယ်ယောင်းနေတဲ့အခန်းထဲတွန်းလွှတ်ရင်းသူပါဝင်လာသည်။

"ငါ့ကိုအဲ့လိုလုပ်လို့မရဘူး မင်းအကုန်ဖြစ်လာတာပြောပြ ကလေးဟိုဘက်အခန်းမှာအိပ်နေတယ် အသံမကျယ်နဲ့"

 Simplicity of love √Completed √Where stories live. Discover now