ep 9

8.1K 820 32
                                    

#Unicode
မနက်မိုးလင်းထဲက ထယ်ယောင်းအစောကြီးနိုးနေမိသည်။အန်နာကိုအဖိုးတို့အိမ်မှာသွားခေါ်မှာကိုဂျွန်နဲ့အတူလိုက်သွားဖို့ပြင်နေတော့သည်။

"ဂျွန် သွားမယ်လေမြန်မြန်လာ"

"babe ရာအေးဆေးပါဘာလို့လောနေရတာလဲ"

"သူ့ကိုမုန်းတယ်ပြောလို့စိတ်မကောင်းဖြစ်နေမှာစိုးရိမ်လို့ပါဂျွန်ရ လူတစ်ယောက်ကိုအကြောင်းမဲ့မုန်းတယ်ဆိုတာမျိုးကမဖြစ်သင့်ဘူးလေ"

တစ်ခါတစ်လေမှာလူငယ်ဆန်ဆန်ဆိုးသွမ်းနေရင်း တစ်ချို့အချိန်တွေမှာပြောတဲ့စကားလေးတွေက ရင့်ကျက်နေကာသူ့စိတ်လေးကကြင်နာတက်တယ်ဆိုတာကိုသိလာစေသောခဏတာလေး။ဒါလေးကိုစောစောတွေ့ခဲ့သင့်တာကိုယ်ကသူ့အတွက်ပထမဆုံးမဖြစ်ပေးနိုင်ခဲ့။သူ့အတွက်တော့ပထမဆုံးတွေရဲ့ပထမဆုံးကဂျွန်ပဲတဲ့။

"ကိုယ့်ကိုမုန်းတယ်လို့ပြောတာကြတော့
ရောဘာမှမဖြစ်ဘူးလား"

"အကြိုးသင့်အကြောင်းသင့်မုန်းတာလေအဲ့အချိန်မျိုးမှာတော့ပြောသင့်တယ်မလား အခုလည်းချော့ပြီးပြီကို"

"ဘယ်တုန်းကချော့တာလည်းမသိတောင်မသိလိုက်ဘူး အခုကိုယ်အရမ်းစိတ်မကောင်းဖြစ်နေတယ် မုန်းတယ်ဆိုတာကို"

ထယ်ယောင်းမှာမျက်နှာကိုတည်ထားရသည်။ရယ်လိုက်ရင်ထပ်ပြီးကလေးဆန်ဆန်ရစ်ခံနေရအုံးမယ်။

"အချစ်ဆိုတာ ဒီလိုပဲထင်တယ်ဂျွန်ရယ်"

"ဟင်...ဘာဖြစ်လို့လည်းbabeရဲ့"

"ဒီတိုင်းလေးဂျွန်နဲ့ကျွန်တော်ရဲ့အခုလိုအချိန်လေးကိုသဘောကျလို့ ချစ်ခြင်းမေတ္တာကိုပါခံစားနေရတယ်"

"ထယ်သာ မဆိုးတော့ရင်အေးချမ်းနေမှာလေ ကိုယ်clubသွားတာမကြိုက်ဘူးနော်"

"အင်း....ဆင်ခြင်ပါ့မယ်"

မသွားတော့ဘူးလို့ပြောချင်ပေမယ့်လည်းမပြောဖြစ်ခဲ့။အခုဆိုသိရသလောက် ဂျွန်ကပေးပြီးသားကတိကိုတည်တဲ့သူဆိုတာပဲ။ပေးပြီးရင်လည်းဖြစ်အောင်လုပ်ပေးပြီးမလုပ်ပေးနိုင်တာမျိုးကိုလည်းဘယ်တော့မှကတိမပေးနိုင်တာကိုသိလာရသည်။သူ့အလုပ်ကိစ္စတွေကစလို့ကိုယ်ရေးကိုယ်တာအထိဒီလိုပဲနေထိုင်သည်။

 Simplicity of love √Completed √Where stories live. Discover now