Extra

6.9K 614 23
                                    

#Unicode
ထမင်းစားဖို့ခုံမှာထိုင်နေပြီး
အလိုမကျတဲ့မျက်နှာလေးနဲ့
ခပ်တည်တည်ဖြစ်နေတာကတော့
ကျွန်တော့်ရဲ့Noah!

"သားလေး ပါးပါးပြောထားတယ်မလားကျောင်းမှာရန်မဖြစ်ရဘူးဆိုတာ"

"သားကရန်ဖြစ်တာမှမဟုတ်တာ
သူတို့ကသားရဲ့စာအုပ်ကိုဖွက်ထားလို့
သားကသူတို့စာအုပ်တွေကို အမှိုက်ပုံးထဲထည့်လိုက်မိတာလေးပါ"

"သားစာအုပ်ကပြန်ရတယ်လေ
သူတို့စာအုပ်တွေကညစ်ပတ်ကုန်လို့ပစ်လိုက်ရတာသားတွေ့တယ်နော်
သားမှားတာပေါ့ ဆရာမကိုတိုင်လို့
ပါးပါးပြောထားတယ်လေ"

"သား လုံးဝ လုံးဝ သေးသေးလေးလောက်တောင် မမှားပါဘူး ပါးပါး"

ထယ်ယောင်းညနေကျောင်းကပြန်ခေါ်လာထဲကနေအခုထိအဲ့ပြသနာကိုဖြေရှင်းနေတာ။
ရေချိုးပေးရင်းပြောလည်းသူမမှားဘူး
ထမင်းစားမယ့်အချိန်ထိသူက
လုံးဝ လုံးဝ မမှားဘူးပဲပြောနေတယ်။
ထယ်ယောင်းစိုက်ကြည့်ပြီးသက်ပြင်းချလိုက်သည်။
ဘယ်သူနဲ့တူလို့ဒီလောက်ခေါင်းမာပြီး
အပြောရခက်နေမှန်းကိုမသိ!

"Noah သားမှားတယ်ဆိုတာလက်ခံ
အဲ့လောက်ဆိုးနေတာ သားဘယ်သူနဲ့တူနေတာလဲ"

"ဘေဘီနဲ့တူတာလေ အဲ့ဒါက"

နောက်လှည့်ကြည့်တော့ဂျွန်ကရုံးကပြန်လာပြီးရပ်ကြည့်နေတာပဲ
သူတို့သားဖကို။

"ဒယ်ဒီ.....ပါးပါးကသားကို
ကျောင်းကပြန်လာထဲက
အရမ်းအရမ်းကို...ဆူနေပါတယ်"

ဂျောင်ဂုရပ်ကြည့်ထဲကနေ
သူမမှားတဲ့အကြောင်းကို
ရှင်းပြနေတာ။
သူရောက်မှန်းလည်းသိရော
ခုံပေါ်ကနေမျက်နှာလေးလှည့်ကြည့်လာပြီးငိုမဲ့မဲ့လေးပြောပြနေတာ။
မျက်ဝန်းတောက်တောက်လေးမှာမျက်ရည်လေးတွေဝေ့နေသေး။

"ဟုတ်လား ဒယ်ဒီ့သားလေးက
ကျောင်းမှာဘာလုပ်ခဲ့လို့လဲ"

ခုံပေါ်မှာထိုင်နေတဲ့သူ့သားမျက်နှာကို
ရှေ့ကနေငုံကြည့်ပြီးပါးလေးကိုင်ကာ
မေးနေတဲ့ဂျွန်။
ဖြစ်ကြောင်းကုန်စင်ကိုပြောပြနေတဲ့
သားလေးက သူလုံးဝမမှားဘူးဆိုတာကပါနေမြဲ။
ထယ်ယောင်းကတော့လက်ပိုက်ပြီး
ကြည့်နေလိုက်တော့သည်။

 Simplicity of love √Completed √Where stories live. Discover now