ep 2

9.7K 1K 62
                                    

#Unicode

ထယ်ယောင်းမနက်အစောကြီးနိုးနေကာဘယ်လိုမှပြန်အိပ်လို့မရတော့ပါ။ညကဟိုလူကြီးကပြန်ခါနီးအထိအခန်းတံခါးလာခေါက်ကာTVကြည့်နေတဲ့သူ့ကိုအတင်းခေါ်ပြီးအောက်ထပ်ရောက်တဲ့အထိဆွဲခေါ်လာသည်။ဧည့်ခန်းထဲမှာအကုန်ပြန်ဖို့ပြင်နေကြရင်းသူ့အဖိုးကအိမ်လာလည်ဖို့ခေါ်ပြီးသူ့အဖွားကသားလေးကချစ်စရာလေးနဲ့။အမတော်တွေကလဲ ထယ်ထယ်လေးရေမမတို့လုံးဝမသိရပါဘူးဒါကိုတဲ့။စိတ်ဆင်းရဲတယ်သူငယ်ချင်းတွေသိရင်ဘယ်လိုမျက်နှာပြရမလဲ။ထယ်ယောင်းအတွေးပေါင်းသောင်းခြောက်ထောင်ကြားဗျာများနေစဉ်ဝင်လာသောဖုန်းသံ။

"ဟယ်လို ဘယ်သူလဲ"

"ကိုယ့်ကလေးလေးကအစောကြီးနိုးနေတာပဲ"

"ဘာလား ဘာတွေလာပြောနေတာလဲ ဘယ်သူလဲ"

တစ်ခါမှမသိတဲ့ဖုန်းနံပါတ်ကိုကြည့်ရင်းနဲ့ ကလေးတွေဘာတွေခေါ်နေတော့
ထယ်ယောင်းလည်း ခပ်ပြတ်ပြတ်
ပြန်မေးလိုက်သည်။

"မင်းရဲ့ဂျွန်လေ"

"ဘာ..ဂျွန်.... အာ...မဟုတ်မှ
လူဆိုးဂျွန်ဂျောင်ဂုလား"

အမယ်သူကပဲပြောရသေးလူဆိုးဂျွန်ဂျောင်ဂုလားတဲ့။အနားမှာသာရှိရင်ဒါလေးကိုခေါင်းကိုနာနာလေးခေါက်ပစ်ချင်တာ။ဂျောင်ဂုမှာရယ်နေရင်းကော်ဖီခွက်ထဲသို့ရေနွေးလောင်းထည့်နေလိုက်သည်။

"ဟုတ်တယ် ဂျွန်ဂျောင်ဂု လူဆိုးလေးရဲ့ဂျွန် မင်းကိုယ့်ကိုဂျွန်လို့ခေါ်  "

"စောစောစီးစီးအမိန့်တွေနဲ့ ခင်ဗျားကခင်ဗျားဘဲ ဘာဂျွန်မှမခေါ်နိုင်ဘူး"

"ဒီအချိန်ကမစောတော့ဘူးလေ 7နာရီဆိုတာကျောင်းသွား အလုပ်သွားရမယ့်သူတွေပြင်ဆင်နေရမယ့်အချိန်ပဲလေ"

"အယ်...ဟုတ်သားပဲကျောင်းသွားရအုံးမယ် ကျေးဇူးပဲသတိပေးလို့"

"ရပါတယ်ကွာ ကျောင်းသွားမှာအဲ့လောက်ပျော်တာလား မင်းအဖိုးကဒါကိုမသိဘဲနဲ့ကလေးကိုကွာ"

"အဖိုးမသိတာလား ခင်ဗျားမသိတာလားတော့မသိဘူး ဘိုင့်...ကျောင်းသွားဖို့ပြင်လိုက်အုံးမယ်"

 Simplicity of love √Completed √Where stories live. Discover now