ep 11

7.6K 726 18
                                    

#Unicode
ထယ်ယောင်းကို မေးလာသောစကားများထဲမှာ အတ္တပါနေပေမယ့်
အဲ့ဒီအတ္တဆိုတာက ဂျွန်ဂျောင်ဂုကသူ့ကိုချစ်နေလို့ဖြစ်ပေါ်လာတဲ့
အတ္တမဟုတ်လား!
ကျေကျေနပ်နပ်ကြီးကို အဲ့ဒီအတ္တကိုခံယူဖို့အသင့်။
သူလည်းဂျောင်ဂုကိုချစ်သည်လေ။ကျောင်းသွားတက်မှာက
တကယ်ဆိုမလိုမှန်းသိပေမယ့်
သူလည်းဂျောင်ဂုအလုပ်တွေကို ကူညီပေးချင်သည်။
ကျန်းမာရေးကြောင့်နားရမယ်ဘာညာဖြစ်လာခဲ့ရင် သူကဒါတွေနဲ့
ပတ်သတ်ပြီးတက်နေသင့်တယ်မလား။
လူအများကလက်မခံပေးတဲ့လမ်းကို
လျှောက်ကြမှာဆိုတော့ တစ်ချို့အရာတွေမှာတက်ကျွမ်းနေရင် လူတွေပါးစပ်ကအနည်းငယ်ပိတ်နိုင်ကောင်းပါရဲ့။
သူ့ကိုမေးလာသောဂျောင်ဂုကို အဖြေမပေးသေးဘဲ ပြုံးပြီးကြည့်နေမိသည်။

"ဒါပေါ့ ဂျွန်.... ကျွန်တော်ကခင်ဗျားအပိုင်.....
ခင်ဗျားက ကျွန်တော့်အပိုင်....
ပြန်လာရင်ကျွန်တော့်ကို
လက်ထပ်မလားဂျွန်"

ထယ်ယောင်းဆိုတာစိတ်ရှည်တက်သူမဟုတ်။
ပြီးတော့ကျွန်တော်တို့ကယောက်ျားချင်းလေ ပွင့်ပွင့်လင်းလင်းပေါ့။
အရင်ကခပ်ဆိုးဆိုးကောင်လေးက
အခုလိုခင်ဗျားနဲ့ ပတ်သက်လာရင်
ပြတ်သားသေးတာ!
ခင်ဗျားကိုတစ်ဘဝလုံးစာရည်ရွယ်တာ!

"babyကကွာ ကိုယ့်ကိုဘယ်လိုတွေများ
ဆွဲဆောင်နေလိုက်သလဲ.....
ဒါပေါ့လက်ထပ်မှာ ကိုယ့်ကိုအခုလိုနားလည်ပေးလို့လည်းကျေးဇူးတင်တယ်"

ဟုတ်သည်....ကျေးဇူးတင်သည်။
သူ့ရဲ့အတ္တပါပါတောင်းဆိုမှု့ကို
ထယ်ယောင်းကလက်ခံခဲ့သည်။
သူချစ်တာထက်အပြိုင်ထယ်ယောင်းကလည်းချစ်ပေးသည်။
သူ ရာအင်းကိုအခုလိုပြောဖူးသည်။
ငါကနင့်အရုပ်မှမဟုတ်တာ အခုတည်းကလမ်းခွဲတယ်ဆိုပြီးဘယ်တော့မှမဆက်သွယ်ခဲ့တဲ့ကောင်မလေး။
သူ့ဘက်ကဆက်သွယ်လည်းအရေးမလုပ်တော့ပေ။
အခုထယ်ယောင်းကတော့ ကျေနပ်စွာလက်ခံခဲ့သည်။
ကျွန်တော့်ကိုယုံပြီးချစ်ပေးတဲ့ကောင်လေးကို ကျွန်တော်ကလည်း
မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး
ချစ်တယ်......

"ကျွန်တော့်ကိုလည်းချစ်ပေးလို့ကျေးဇူးတင်တယ်ဂျွန် "

"ဒါပေါ့ အရာအားလုံးထက် နံပါတ်၁လေးပါ ယုံတယ်မလား
one and only your my baby"

 Simplicity of love √Completed √Where stories live. Discover now