ep 3

9.2K 1K 67
                                    

#Unicode
ထယ်ယောင်းတို့အဖွဲ့တွေဂန်းနမ်နယ်မြေရဲစခန်းသို့ရောက်နေကြသည်။သူတို့နားမှာရှိနေတာကတော့သူတို့မိဘတွေကလွှတ်လိုက်ကြသောအတွင်းရေးမှူးတွေရှေ့နေတွေသာဖြစ်ကြသည်။သို့ပေမယ့်အဲ့ဒီရောက်လာတဲ့သူတွေထဲမှာထယ်ယောင်းအတွက်လာပေးသူမပါခဲ့။မျက်နှာကဘာမှမဖြစ်သလိုဟန်ဆောင်နေပေမယ့်ရင်ထဲမှာကမ္ဘာပျက်နေပြီဖြစ်သည်။တစ်ယောက်ပြီးတစ်ယောက်ပြောဆိုညှိနှိုင်းကာခေါ်သွားကြသည်။သူငယ်ချင်းတွေကစိတ်မကောင်းကြပေမယ့်သူတို့မိဘတွေကိုလည်းမလွန်ဆန်ရဲကြလို့ပြန်သွားကြပြီ။ကျန်ခဲ့တာကရဲစခန်းမှာထယ်ယောင်းတစ်ယောက်ထဲသာဖြစ်သည််။

"ကျောင်းသားမိဘတွေကမလာဘူးလားမိုးချုပ်တော့မယ်"

ရဲအရာရှိကြီးကမေးလာတော့ထယ်ယောင်းဘာမှပြန်မဖြေတက်ဘဲဖြစ်နေတော့သည်။အဲ့ဒါဂျွန်ဂျောင်ဂုကြောင့်သူသာအရစ်မရှည်ရင်ဒါမျိုးဖြစ်မှာမဟုတ်ဘူး။

"CEO ကျွန်တော်ဝင်လို့ရပြီလား"

"ရပြီဝင်သွားပြီးအဲ့ကလေးကိုကျွန်တော်ပေးတဲ့လိပ်စာအတိုင်းပို့ပေးလိုက် ပြီးရင်မပြန်သေးဘဲကားနဲ့အဲ့ဒီအိမ်ရှေ့မှာခဏရပ်နေပြီး သူထွက်လာရင်ပြန်ခေါ်လာလိုက်ကျွန်တော့်အိမ်သစ်ကိုပို့ပေး"

ဂျောင်ဂုမှာအတွင်းရေးမှုးကိုည၈နာရီမှထယ်ယောင်းကိုသွားခေါ်ပေးဖို့ပြောထားသည်။

"သွားလို့ရပါပြီ ကျွန်တော်အိမ်လိုက်ပို့ပေးပါ့မယ်"

အကိုတစ်ယောက်ကလာပြောသောအခါထယ်ယောင်းလည်းအထွေထူးမေးမနေတော့ဘဲကားပေါ်လိုက်လာခဲ့လိုက်သည်။အဖိုးလွှတ်လိုက်တာနေမှာဘဲဟုသာထင်လိုက်သည်။အိမ်ရှေ့ရောက်တော့သူ့ကိုအိမ်ထဲမဝင်ရဘူးလို့မှာထားတယ်ဆိုပြီးခြံထဲမှာနေသောဦးလေးကြီးကပြောသည်။

"ဦးလေး အဖိုးကပြောနေကြဘဲလေကျွန်တော့ကိုတံခါးဖွင့်ပေးပါ နော်"

သူဦးလေးကြီးကိုပြောနေတုန်းမှာ
အဘိုးကအိမ်ထဲကထွက်လာတော့သည်။

"ကင်မ်ထယ်ယောင်း မင်းအပြစ်မင်းသိလေရဲစခန်းကိုရောက်လောက်အောင်ထိသောင်းကျန်းထားပြီးတော့ မင်းရဲ့အသုံးဆောင်အဝတ်စားတချို့ကိုထုတ်ပြီးဂျောင်ဂုအိမ်ပို့ထားတယ် အဲ့မှာသွားနေ"

 Simplicity of love √Completed √Where stories live. Discover now