ep 14

7.3K 748 59
                                    

#Unicode
ထယ်ယောင်းအိပ်ယာထလာတော့
စိတ်ကကြည်လင်မနေ။
ရေချိုးအဝတ်အစားလဲပြီး
ကျောပိုးအိတ်လွယ်ကာ
အောက်ထပ်ကိုဆင်းလာခဲ့သည်။
ဂျွန်သွားပြီလားလည်းမသိ။
ထမင်းစားခန်းကိုရောက်မှ
ဝတ်စုံပြည့်ဝတ်ဆင်ထားသော
ဂျွန်က ကုမ္ပဏီသွားဖို့အဆင်သင့်ဖြစ်နေပြီဆိုတာတွေ့လိုက်ရသည်။

"နိုးလာပြီလား ဘေဘီ"

ထယ်ယောင်းခေါင်းငြိမ့်ပြကာ
စားပွဲမှာထိုင်လိုက်သည်။
ချောကလက်ဖျော်ထားတဲ့ခွက်လေးရယ် ပေါင်မုန့်မီးကင်ပြီးထောပတ်သုပ်ပေးထားကာ ကြက်ဥကြော်ကအဆင်သင့်။

"မနက်စာစားရအောင်
ကိုယ်ဘေဘီကိုကျောင်းလိုက်ပို့မယ်"

"ရတယ် ကိုယ့်ပါကိုယ်သွားတတ်တယ်"

အခုမှလာမပြောနဲ့။
ညတုန်းကမအားဘူးလို့ပြောထားပြီး
အခုမှမကောင်းတက်လို့ လိုက်ပို့မှာကို
ထယ်ထယ်တို့ကအလိုမရှိ။

"ကိုယ် လိုက်ပို့ချင်လို့ပါဘေဘီရဲ့"

"စာဖြေပြီးလို့ပြန်ရမယ့်အချိန်ကို
အမှီလာကြိုနိုင်လို့လား"

ဂျောင်ဂု အခုလိုက်ပို့ဖို့အတွက်
အလုပ်ချိန်အနည်းငယ်ကို
နောက်ဆုတ်လိုက်ရသောကြောင့်
အမှီသွားကြိုဖို့ကမဖြစ်နိုင်တော့။
ပြန်ဖြေစရာမရှိတဲ့ပုံနဲ့ဘေဘီကိုသာ
ကြည့်နေမိသည်။

"ပြောပါတယ်....
ကျွန်တော့်အတွက် ဂျွန်မှာအချိန်မှမရှိတာ"

"အဲ့ဒါဆို ကားကိုဂရုစိုက်မောင်းနော်
မနက်စာစားလိုက်အုံး"

ထယ်ယောင်းပြောလိုက်တော့
မျက်နှာတစ်ချက်ပျက်ကာ
စိတ်မကောင်းဖြစ်သွားတာကို
မြင်လိုက်ရတော့လည်းရင်ထဲမကောင်း။
သူတကယ်အလုပ်ရှုပ်နေတာကို
ကျွန်တော်ကပါထပ်ပြီး
အရှုပ်အထွေးတွေလုပ်နေမိပြန်တာလား။
စိတ်ကောက်နေပေမယ့် သူလုပ်ပေးထားတဲ့မနက်စာကိုအကုန်စားလိုက်သည်။
ဒါလေးကြောင့်ကျွန်တော့်ရဲ့ဂျွန်
ပျော်ရွှင်ပါစေလေ။
စေတနာအပြည့်နဲ့စားဖို့လုပ်ပေးထားတာ မစားတော့ဘူးလို့ပြောရင်
စိတ်မကောင်းဖြစ်ရတဲ့ခံစားချက်က
စိုးတယ်ဆိုတာ
ကျွန်တော့်အတွေ့အကြုံက
စကားပြောလာတယ်။

 Simplicity of love √Completed √Where stories live. Discover now