Your Eyes Tell

4K 331 26
                                    

Unicode & Zawgyi

Unicode

Your eyes tell ဆိုတဲ့စာစုလေးကအဓိပ္ပါယ်မဲ့စွာဖြစ်တည်လာခဲ့တာမှမဟုတ်တာချစ်ရသူရယ်။

***Your Eyes Tell***

"အတွင်းရေးမှူးကင်!!!!!"

ထိုအသံကားJ&K Fashion Group၏စီအီးအိုရုံးခန်းမှအချိန်မှန်မှန်ထွက်ပေါ်လေ့ရှိသောအသံဖြစ်သည်။

"ဟုတ်ကဲ့...စီအီးအို"

စီအီးအိုဂျွန်ဂျောင်ကု........အမေရိကန်မှစီးပွားရေးပညာဒီပလိုမာဘွဲ့ရထားပြီးအသက်ငယ်ရွယ်သော်လည်းကြီးမားလှတဲ့ကုမ္ပဏီကိုပါးနပ်စွာကိုင်တွယ်နိုင်သူ။

အတွင်းရေးမှူးကင်ဆော့ဂျင်......စီအီးအိုဂျွန်မတိုင်ခင်ကတည်းကကုမ္ပဏီကိုရောက်ရှိနေသူဖြစ်ပြီးစီအီးအိုရဲ့ဝေယျာဝိစ္စအပါအဝင်လုပ်ငန်းများကိုကျွမ်းကျင်စွာလုပ်ကိုင်နိုင်သူ။

ထိုသူနှစ်ဉီးသည်လုပ်ငန်းကိစ္စအဝဝတွင်အတွဲညီစွာလုပ်ကိုင်လေ့ရှိသော်လည်းကြောင်နှင့်ကြွက်ကဲ့သို့မတည့်အတူနေသည့်ဆက်ဆံရေးမျိုးဖြစ်သည်။

စီအီးအိုဂျွန်ဆိုသည်မှာလည်းအတွင်းရေးမှူးကင်ကိုမခံချင်အောင်မထိတထိစတတ်ပြီး......

အတွင်းရေးမှူးကင်ဆိုသည်မှာလည်းစီအီးအိုဆိုသူအားသူငယ်ချင်းပေါင်း,ပေါင်းတတ်သူဖြစ်သည်။

သူတို့နှစ်ယောက်ရဲ့နေ့စဉ်ပုံမှန်ရန်ပွဲသည်အရေးမပါအရာမရောက်သောကိစ္စလေးတွေမှစသည်။သို့သော်ထိုရန်စောင်နေတဲ့အသံလေးတွေကိုမှမကြားရလျှင်ဝန်ထမ်းများသည်လည်းစားမဝင်အိပ်မပျော်။

ထိုကြောင်နဲ့ကြွက်တို့ရဲ့မတည့်အတူနေဆက်ဆံရေးမှပေါက်ဖွားလာသောအချစ်ဇာတ်လမ်းလေးကားဤသို့ပင်ဖြစ်လေသည်။

~~~~~~~~~~~~~~~~~~~

"အတွင်းရေးမှူးကင်.....မနက်ဖြန်ဟယ်အာကော်ပိုရေးရှင်းကနေကျင်းပမယ့်ပါတီပွဲရှိတယ်....အဲ့မှာတောင်ကိုရီးယားရဲ့ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးတက်လိမ့်မယ်.....ဒါကြောင့်ဘာတွေပြင်ဆင်ရမလဲသိတယ်မို့လား...."

The invisible string between us(Kookjin short stories) Where stories live. Discover now