JEON

2.2K 214 19
                                    

Unicode & Zawgyi

Unicode

ညီလေးတစ်ယောက်လိုပဲချစ်တယ်လို့ထင်နေတတ်တဲ့အကို့ရဲ့Jeon။
အကို့အချစ်တွေကိုဘယ်သောအခါမှယုံကြည်ပေးလေ့မရှိတဲ့အကို့ရဲ့Jeon။
အကိုသိပ်ချစ်တဲ့အကို့ရဲ့Jeon။

***JEON***

အလုပ်ကနေပင်ပင်ပန်းပန်းပြန်လာတဲ့ဆော့ဂျင်တစ်ယောက်အိမ်ရှေ့တံခါးဝမှာရပ်လိုက်ရတယ်ဆိုရင်ပဲပို၍မောလာသည်။

တောင်ကိုရီးယားနိုင်ငံရဲ့Top 3အဆင့်ရှိတဲ့ဖက်ရှင်ကုမ္ပဏီကြီး၏အရေးပါအရာရောက်သောမားကတ်တင်းဌာနမှူးတစ်ယောက်အနေဖြင့်ပင်ပန်းခြင်းဆိုသည်မှာရှောင်လွဲလို့မရသောအရာပင်။

ဘယ်သူမှမရှိတဲ့အိမ်တံခါးသော့ကိုအိတ်ထဲကနေထုတ်ယူလိုက်ပြီးတံခါးဖွင့်ဝင်သွားလိုက်သည်။ဘယ်လောက်ပင်ပန်းပင်ပန်းရေချိုးပြီးမှအိပ်တတ်တဲ့အကျင့်ကြောင့်ရေချိုးရင်းခေါင်းပါလျှော်ခဲ့လိုက်သည်။

ထို့နောက်အကျင့်အတိုင်းရေစက်လက်နဲ့ခေါင်းကိုမသုတ်ပဲနေမိသော်လည်းအရင်ကလိုတစ်ဗျစ်တောက်တောက်နဲ့လိုက်ဆူနေမယ့်အဖိုးအိုပေါက်စလေးကတော့မရှိတော့ပေ။

"အကိုကကလေးလား.....ခေါင်းကိုရေမသုတ်ရအောင်"

"Jeonရှိနေတာပဲ....အကိုသုတ်ဖို့လိုသေးလို့လား"

"မောင်ကdryerမဟုတ်ဘူးအကို"

Dryerတော့မဟုတ်ပေမယ့်အကို့နှလုံးသားလေးကိုနွေးထွေးစေခဲ့တဲ့မင်းကအကို့အတွက်Heaterလေးဆိုတာမသိခဲ့လေသလားJeon။

သူ့ကိုယ်သူမောင်ချင်းထပ်အောင်သုံးနှုန်းတတ်ပြီးနှစ်နှစ်ပဲငယ်တာကြောင့်ကလေးလိုမဆက်ဆံဖို့အမြဲဂျီတိုက်တတ်တဲ့ကလေးလေးကိုလွမ်းတယ်။သူများတွေလိုHyungမဟုတ်ဘဲအကိုလို့ထူးထူးခြားခြားလေးခေါ်တတ်တဲ့Jeonဟာသူ့ကိုမောင်လို့သာခေါ်စေချင်ခဲ့သည်။မင်းထွက်သွားမှာကိုသာကြိုသိခဲ့ရင်ကိုယ်မင်းကိုမောင်လို့ခေါ်ပြီးတော့ပဲဖြစ်ဖြစ်ဆွဲထားမိမှာJeonရဲ့။

The invisible string between us(Kookjin short stories) Where stories live. Discover now