Meaning of DADDY

3.5K 293 27
                                    

Unicode & Zawgyi

Unicode

Daddyဆိုသောအသုံးအနှုန်းလေးကိုကြားလိုက်ရုံဖြင့်လုံခြုံနွေးထွေးသည်။Daddyရင်ခွင်သည်ကျွန်တော့်အတွက်ထိုကဲ့သို့သောနေရာမျိုးဖြစ်သည်။

***Meaning of DADDY***

"Daddy......"

ကားမှန်ကိုမှီကာဖုန်းကြည့်နေသောလူကြီးဆီသို့ပြေးသွားလိုက်ပြီးနှင့်နေအောင်ဖက်ထားလိုက်သည်။

"ကလေးလေးကျောင်းဆင်းပြီလား....."

"ဟုတ်...."

"ဘာစားချင်လဲ.....daddyဝယ်ကျွေးမယ်"

"ဟမ်ဘာဂါနဲ့အာလူးချောင်းကြော်....."

"Ok Let's go"

ကားပေါ်တက်ကာမုန့်ဆိုင်ဆီသို့ဉီးတည်နေကြသောကျွန်တော်တို့နှစ်ယောက်။

"ကလေးလေးဒီနေ့အမှတ်စာရင်းတွေရမှာနော်......"

"အဟွတ်.....ဟွတ်"

ရေသောက်​နေရာကနေdaddyပြောလိုက်တဲ့စကားကြောင့်ရေပါသီးသွားရသည်။ဘယ်လိုတောင်မှတ်ဉာဏ်ကောင်းတဲ့လူကြီးပါလိမ့်။ဒီလိုမှတ်ဉာဏ်ကောင်းလို့ပဲဆရာဝန်ဖြစ်နေတယ်ထင်ပါ့။

"ဟို...အဲ့တာကလေdaddy"

"ကလေးလေးနော်....အခုထုတ်ပေးရင်သက်သာမယ်"

"မုန့်ဆိုင်ရောက်မှကြည့်လေနော်.....အခုလမ်းကြီးမှာကို"

"အွန်း...."

မုန့်ဆိုင်ရောက်သော်မုန့်မှာပြီးကာရှိသေးအမှတ်စာရင်းတောင်းနေတဲ့လူကြီးကြောင့်ထုတ်ပေးလိုက်ရသည်။

"Englishရယ်သင်္ချာရယ်အရင်လကထက်ပိုနည်းသွားတာပဲ...."

"မနည်းပါဘူး.....ဒီတိုင်းပါပဲ"

"ကလေးလေးနော်....အရင်လကထက်အမှတ်တွေအများကြီးကျသွားတယ်....အဲ့တော့အပြစ်ဒဏ်ကဘာလဲသိတယ်မို့လား"

The invisible string between us(Kookjin short stories) Where stories live. Discover now