သူငယ်ချင်းသားကျွန်တော့်ယောင်္ကျား

2.2K 250 95
                                    

Unicode & Zawgyi

Unicode

အားတော့နာပါတယ်သူငယ်ချင်းရယ်။
ငါ......မင့်သားကိုအတော်ဖြစ်နေပြီမို့ပါ။

**သူငယ်ချင်းသားကျွန်တော့်ယောင်္ကျား**

"ဂျွန်ဂျောင်ကု!!"

အိမ်ပေါက်ဝမှာရပ်နေတဲ့လူကိုပိတ်အော်လိုက်တဲ့သကောင့်သားရဲ့လည်ဂုတ်ကိုခပ်စပ်စပ်ရိုက်ပစ်လိုက်ပြီးနှုတ်ဆက်လိုက်သည်။ဆယ့်ရှစ်နှစ်မတွေ့ရတဲ့သူငယ်ချင်းအတွက်နောက်ဆုံးပေါ်နှုတ်ဆက်နည်းပေါ့။

"အေး.....ငါပဲမင်းအဖေ"

"ပထွေးလောက်တော့လုပ်လိုက်....."

ဗရုတ်သုတ်ခပြောပြီးနောက်မှာတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရီလိုက်ပြီးအချင်းချင်းပွေ့ဖက်လိုက်တဲ့လူနှစ်ယောက်။မတွေ့ရတဲ့ဆယ့်ရှစ်နှစ်တာကာလအတွင်းမှာပြောင်းလဲသွားခြင်းတစ်စက်မှမရှိတဲ့အိမ်လေးနဲ့သူငယ်ချင်းကင်ထယ်ယောင်း။အသက်လေးဆယ်ပြည့်ခါနီးလို့တောင်မထင်ရတဲ့ရုပ်ရည်နဲ့သူငယ်ချင်းနှစ်ယောက်ဟာတစ်ခေတ်တစ်ခါတုန်းကနာမည်ကြီးခဲ့တဲ့သူတွေမဟုတ်ပါလား။

"လာကွာ.....ငါ့ကောင်မင်းပျောက်နေတာကြာပြီ"

"မကြာသေးပါဘူးကွာ.....ဆယ့်ရှစ်နှစ်လောက်ပါပဲ"

"ယုန်မသားကတော့စကားကိုအကောင်းမပြောဘူး......ခဏ.....ငါကော်ဖီသွားဖျော်လိုက်ဉီးမယ်"

သုတ်သုတ်ပြာပြာနဲ့ထသွားတဲ့ထယ်ယောင်းကိုကြည့်ပြီးဂျောင်ကုပြုံးလိုက်မိကာအိမ်တစ်ဝိုက်ကိုလိုက်ကြည့်နေမိသည်။ဇနီးဖြစ်သူဆုံးပါးသွားတဲ့မုဆိုးဖိုတစ်ယောက်ရဲ့အိမ်လို့မထင်ရလောက်တဲ့အထိသပ်ရပ်လွန်းတဲ့ဒီအိမ်လေးဟာချစ်ခြင်းတွေကြောင့်နွေးထွေးနေသလို။သပ်သပ်ရပ်ရပ်စီတန်းထားတဲ့စာအုပ်များနှင့်ထိုဘေးတွင်ထားရှိတဲ့ဓာတ်ပုံလေး။ကောက်ယူကြည့်လိုက်တော့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကဖြစ်သည်။ထယ်ယောင်းနဲ့သူ့ဇနီးဂျီယွန်းတို့အလယ်ကကလေးလေး။ရှစ်နှစ်အရွယ်လောက်ရှိမယ့်ကလေးလေးဟာစူပါမန်းဝတ်ရုံလေးနဲ့နှုတ်ခမ်းလေးဆူကာမိဘနှစ်ပါးရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားလေသည်။

The invisible string between us(Kookjin short stories) Where stories live. Discover now