My Man

2.1K 236 26
                                    

Unicode & Zawgyi

Unicode

အသက်ဘယ်လောက်ပဲကွာပါစေ.....လူကြီးလိုရင့်ကျက်အောင်နေဆိုလည်းနေနိုင်တာမို့ကျွန်တော့်ကိုဒီတိုင်းလေးပဲဆုပ်ကိုင်ထားပေးပါ။သိတယ်မို့လား.....ကျွန်တော့်ဘဝမှာလူကြီးပဲရှိရင်ဖြစ်တယ်ဆိုတာ။

***My Man***

"ကင်ဆော့ဂျင်!!!!!!"

ချစ်လှစွာသောမာတာမိခင်၏အော်သံစူးစူးကြောင့်သားမောင်ကင်ဆော့ဂျင်သည်ဘေးမှာရှိနေတဲ့ခေါင်းအုံးဖြင့်နားကိုအုပ်ကာပြန်အိပ်ဖို့ပြင်တော့သည်။

အိပ်မက်ထဲမှမေမဒီချောများပျောက်သွားမည်ကိုစိုးသဖြင့်ဆက်အိပ်နေရခြင်းကိုအမေတစ်ယောက်နားလည်မည်မဟုတ်ချေ။

ခွပ်!!!

"အ့..."

မာတာမိခင်၏စူးရောက်တော်မူလှသောရွှေလက်တော်ကြောင့်အကျွန်ုပ်ကင်ဆော့ဂျင်မထချင်ဘဲထရတော့မည်။

"ထစမ်း.....ဒါလူတစ်ယောက်အိပ်ရမယ့်အချိန်လား"

"Ommaသားလေးကနတ်သားလေးလေ.....လူမှမဟုတ်တာOmmaကလည်း"

ခွပ်!!!!!!

"အ့.....Ommaသေအောင်သတ်နေတာလား.......ဘာလဲသားနှစ်ယောက်ရှိတယ်ဆိုပြီးတစ်ယောက်သေသွားလည်းဘာမှမဖြစ်ဘူးဆိုပြီးလုပ်နေကြတာမဟုတ်လား......သိပါတယ်သားကိုဘယ်သူမှမချစ်ကြဘူး.....ကိုကြီးကလည်းပါးစပ်ကသာငယ်လေးငယ်လေးနဲ့ပြောတာတကယ်ကျတော့မချစ်ပါဘူး......ဘိုးဘေးတို့ရေ..ကင်မိသားစုကအငယ်ဆုံး၊အချောဆုံးလေးကိုဒီတိုင်းကြည့်နေကြတော့မှာလားလို့"

"ဟဲ့ဟဲ့....အော်ကြီးဟစ်ကျယ်နဲ့မရှက်ဘူးလား.....အော်ငိုရအောင်နင်ကလေးလား"

"အသက်နှစ်ဆယ်ဆိုတာကလေးပဲရှိသေးတာကို....ဟွန့်အကုန်လုံးကိုစိတ်ဆိုးတယ်"

ညဝတ်Pajamaပန်းရောင်လေး၊အိပ်မှုံစုံဖွားရုပ်လေးနဲ့အိပ်ရာပေါ်တွင်နှုတ်ခမ်းလေးဆူကာစိတ်ဆိုးပုံဖမ်းနေသောကင်ဆော့ဂျင်ကိုမြင်လျှင်မည်သူမှမချစ်ဘဲနေနိုင်လိမ့်မည်မဟုတ်။

The invisible string between us(Kookjin short stories) Where stories live. Discover now