Double Weddings

2.3K 182 64
                                    

Unicode & Zawgyi

Unicode

မောင်ကလေအဲ့ဒီပကာသနတွေကိုမမက်မောပါဘူး.....ဒီတိုင်းအချစ်နဲ့လက်ထပ်ပြီးသစ္စာဆိုရရင်ပြီးရော.....မောင့်အတွက်ဘယ်နေရာမှဆောင်ရမယ်ဆိုတာထက်မောင့်လက်ကိုတွဲထားတဲ့လူကအချစ်ဖြစ်ဖို့အရေးကြီးတာ။

***Double Weddings***

"ဟိုတယ်မှာပဲဆောင်မယ်"

"ကမ်းခြေမှာပဲဆောင်မယ်"

"ဟိုတယ်မှာပဲဆောင်မယ်လို့ပြောနေတယ်နော်"

"ကမ်းခြေမှာပဲဆောင်မယ်.....တစ်ပြားမှမလျှော့ဘူး"

စားသောက်ဆိုင်တစ်ခုရဲ့VVIP Roomထဲတွင်အခြေအတင်ဖြစ်နေတဲ့လူလေးယောက်။ထိုလေးယောက်ရဲ့ဘေးမှာတော့လောကကြီးကိုစိတ်ကုန်နေတဲ့အကြည့်နဲ့လူနှစ်ယောက်။စုစုပေါင်းလူခြောက်ယောက်ဆိုပေမယ့်ငြင်းခုန်နေတဲ့အသံတွေဟာတတိယကမ္ဘာစစ်အလား။သိပ်မကြာတောင်ကနဲမြည်လာတဲ့phone notificationသံကြောင့်ဖွင့်ကြည့်မိတော့ပေးပို့သူကတော့ဆော့ဂျင်ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ချစ်ရသူလေးဆီက။

~~~အချစ်.....မောင်တို့ဘယ်လိုလုပ်ကြမလဲ~~~

~~~မသိတော့ပါဘူး......မင်္ဂလာဆောင်မှာသူတို့လား....ကိုယ်တွေလားမသဲကွဲတော့ဘူး~~~

ဟုတ်သည်။အခုလောလောဆယ်ငြင်းခုန်နေကြတာတကယ်မင်္ဂလာဆောင်မယ့်ကာယကံရှင်နှစ်ယောက်မဟုတ်။

လောကကြီးပဲလုံးရာကပြားပါစေ။ဟိုတယ်မှာပဲဆောင်မယ်ဆိုတဲ့အဖွဲ့ကကင်ဆော့ဂျင်ရဲ့တစ်ဝမ်းထဲမွေးညီငယ်လေးနှစ်ယောက်။ကင်နမ်ဂျွန်းနဲ့ကင်ထယ်ယောင်း။

အင်္ဂါဂြိုလ်ပေါ်မှာအပင်ပေါက်ရင်ပေါက်ပါစေ။ကမ်းခြေမှာပဲဆောင်မယ်ဆိုတဲ့အဖွဲ့ကဂျွန်ဂျောင်ကုရဲ့အဖေတူ၊အမေမကွဲတဲ့အကိုနှစ်ယောက်။ဂျွန်ဟိုဆော့နဲ့ဂျွန်ဂျီမင်း။

တကယ်တော့သူတို့ခြောက်ယောက်ဟာအိမ်နီးချင်းတွေဖြစ်သည်။အစတုန်းကတော့နှစ်အိမ့်တစ်အိမ်လိုသာသာယာယာပျော်ရွင်စွာနေခဲ့ကြသည်။သို့သော်ဘယ်ကနေဘယ်လိုတွေဖြစ်သွားရန်မသိ။အပင်တစ်ပင်ကအစပြုကာရန်ဖြစ်ကြသည်လေ။ဘာမှကြီးကျယ်တဲ့ပြသနာမဟုတ်ပေမယ့်ဘယ်ကနေဘယ်လိုစပြီးမှားယွင်းသွားတယ်မသိအရင်တုန်းကဆွေမျိုးရင်းခြာတွေလိုချစ်ခဲ့ကြတဲ့နှစ်အိမ်ဟာအခုတော့မျက်နှာချင်းဆိုင်လိုက်ရင်ကိုရန်စောင်နေတဲ့ကမ္ဘာ့ရန်ဖက်တွေဖြစ်ကုန်ကြသည်။

The invisible string between us(Kookjin short stories) Dove le storie prendono vita. Scoprilo ora