Family;Red String

1.7K 198 22
                                    

Unicode & Zawgyi

Unicode

သားသားနဲ့အစ်ကိုပဲရှိတဲ့ဘဝကြီးထဲမှာဂျွန်ဂျောင်ကုဆိုသူဟာသူ့ကိုယ်သူတောင်မေ့လျော့နေခဲ့သူပါ။

***Family;Red String***

"ကစားသမားကင်ဆော့ဂျင်လေးနေရာရောက်လာပါပြီ......အာ.....ကောင်းပါတယ်ဗျာ......ဝါးးးးးအရမ်းလှတဲ့ကျော်တက်ခြင်းလေးပါပဲ......သုံးနေရာ.....နှစ်နေရာ......ကစားသမားကင်ဆော့ဂျင်ကဉီးဆောင်နေပါပြီ......နံပါတ်လေး......ကစားသမားကင်ဆော့ဂျင်ရေ......ဘယ်တွေသွားနေတာလဲဗျ......"

ထိုသို့...ထိုသို့သောအော်သံတွေကြားနေရသူအပေါင်းသည်ကိုယ့်ကိုကိုယ်ပြိုင်ကားကွင်းထဲရောက်သွားသလိုခံစားမိမှာပါ။အပြင်လောကတွင်တော့မဟုတ်ချေ။ကင်ဆော့ဂျင်လို့ခေါ်သောလူငယ်လေးတစ်ယောက်Video gameကစားနေခြင်းဖြစ်သည်။

အော်သံပေါင်းစုံထွက်နေတဲ့ထိုကောင်လေးဟာသူငယ်ချင်းတွေနဲ့ဖွဲ့ပြီးကစားနေတယ်လို့လည်းထင်ကောင်းထင်နိုင်ပါတယ်။တကယ်တော့သူတစ်ယောက်တည်းကစားနေခြင်းဖြစ်သည်။

မီးဖိုချောင်ထဲကကောင်လေးမှာတော့ကြားနေရတဲ့အသံစာစာလေးကိုပင်ချစ်နေမိသလိုအပြုံးကြီးကလည်းထိန်းမနိုင်သိမ်းမရ။

"ချစ်စရာကောင်းလိုက်တာ"

ခံစားချက်တွေလျှံထွက်ကာစကားလုံးတွေအဖြစ်ပြောင်းလဲသွားသည်။ကြော်နေတဲ့ပေါင်မုန့်လေးကတောင်သူစားမယ်ဆိုတဲ့အသိလေးကြောင့်ချစ်စရာကောင်းသွားရတယ်။ချစ်စရာကောင်းရက်လေခြင်း။

ကျက်စပြုနေတဲ့ပေါင်မုန့်နဲ့ကြက်ဉကြားထဲကိုချိစ်အပြားလေးနှင့်ခရမ်းချဉ်သီးဆော့စ်လေးစမ်းလိုက်သည်။သိပ်မကြာလိုက်အာဟာရပြည့်ဝပြီးလွယ်ကူမြန်ဆန်တဲ့မနက်စာတစ်ခွက်ရှေ့သို့ရောက်လာလေသည်။

ထိုပေါင်မုန့်ကြော်လေးကိုပန်းကန်လေးထဲပြောင်းထည့်ပြီးဂိမ်းမျက်နှာတစ်ကမ္ဘာဖြစ်နေတဲ့ကောင်လေးဆီသယ်သွားလိုက်သည်။ပန်းကန်လေးကို​စားပွဲပေါ်ချကာဘေးဆိုဖာပေါ်ဝင်ထိုင်တော့သူဟာပါးစပ်ကိုဟပေးလာတယ်။မျက်လုံးကိုTVကမခွာဘဲပါးစပ်ကြီးဟပြီးခေါင်းတိုးပေးလာတဲ့ချစ်ရသူရယ်ပါ။

The invisible string between us(Kookjin short stories) Where stories live. Discover now