He hack Action-Taker

1.6K 188 20
                                    

Unicode & Zawgyi

Unicode

Shadow hackerဆိုတာDataတွေနဲ့ကွန်ပျူတာတွေကိုပဲhackတယ်ထင်ခဲ့တာ။မင်းနဲ့တွေ့မှHackerဆိုတာနှလုံးသားကိုပါhackတတ်မှန်းသိသွားတယ်။

***He hack Action-Taker***

မီးရောင်စုံဖြင့်ကြွရွနေသောဤနေရာ။ခရမ်းရောင်ရင့်ရင့်တစ်လှည့်၊အနီရောင်တစ်လှည့်ပြောင်းလဲနေသောမီးရောင်ကပင်စူးလွန်းသည်။မြူးကြွနေသောတေးသံဟုထင်ကောင်းထင်နိုင်နဲ့ပေါက်ကွဲသံစဉ်အချို့မှာလည်းခန်းမတစ်ခုလုံးပြည့်လျှံနေသည်။စီးကရက်နံ့၊အရက်နံ့၊မူးယစ်ဆေးနံ့တို့ဖြင့်မွှန်ထူနေသောဤနေရာ။Night clubဟုအမည်တွင်သည့်ဤနေရာ။

ပွတ်သီးပွတ်သပ်ဖြင့်ကနေတဲ့သူတွေဆီကိုအကြည့်ပို့လိုက်ပြီးလက်ထဲကဝီစကီခွက်ကိုတစ်ကျိုက်တည်းမော့လိုက်သည်။ပေသွားတဲ့မေးရိုးထောင့်တစ်နေရာကိုလက်ဖြင့်ပွတ်လိုက်ပြီးမျက်လုံးအကြည့်ကိုဖြန့်ကြက်လိုက်သည်။Barတစ်နေရာမှာဝင်ထိုင်လို​က်တဲ့အရိပ်လေးကြောင့်မျက်လုံးအကြည့်ကိုထိုနေရာတွင်သာကျောက်ချထားလိုက်သည်။

သိပ်မကြာလှုပ်ရှားလာတဲ့အရိပ်လေး။ဘေးကလာထိုင်နေတဲ့ဘဲတစ်ပွေနဲ့အီစီကလီရိုက်နေတဲ့ထိုအရိပ်လေးဟာသိပ်ဆိုးလွန်းပါဘိ။ညုတုတုအပြုံးကကြည့်နေတဲ့သူရဲ့သွေးတွေကိုပွက်ပွက်ဆူစေတယ်ဆိုတာထိုအရိပ်လေးသိမှသိပါစ။တစ်ဖြည်းဖြည်းတိုးကပ်သွားတဲ့မျက်နှာတစ်ခုကြောင့်လက်ထဲကခွက်ကိုဆောင့်ချကာတွေ့သမျှလူတွန်းတိုက်ပြီးထိုနေရာသို့အလင်းအလျှင်ဖြင့်ရောက်အောင်သွားလိုက်သည်။

ထို့နောက်အရိပ်လေးရဲ့ပုခုံးကိုခပ်ကြမ်းကြမ်းဆွဲလှည့်လိုက်ပြီးကျောပြင်ကိုBarကောင်တာနဲ့ထိကပ်စေလိုက်သည်။တက်တူးတွေအပြည့်နဲ့လက်ကိုကောင်တာပေါ်ထောက်လိုက်တော့အရိပ်လေးဟာစူးစူးရဲရဲပြန်ကြည့်လာလေသည်။

"Babyစိတ်ဆိုးနေတာမပြေသေးဘူးလားကွာ"

"ဟေ့လူ.....မင်းလမ်းမင်းသွား......ဇယားလာမရှုပ်နဲ့"

The invisible string between us(Kookjin short stories) Where stories live. Discover now