ချစ်ရပါသောငယ်

2.9K 271 32
                                    

Unicode & Zawgyi

Unicode

မောင့်ရဲ့အသက်နဲ့ထပ်တူချစ်ရပါသောငယ်.......မောင်မပေးနိုင်ခဲ့တဲ့အချစ်တွေနဲ့နွေးပါစေကွယ်။

***ချစ်ရပါသောငယ်***

"လမ်းခွဲရအောင်ငယ်......"

ငယ့်အားချစ်ရေးဆိုခဲ့သောနေ့မှစ၍သေဆုံးသည့်နေ့တိုင်မပြောပါဟုသစ္စာခံခဲ့သောထိုစကားကိုပြောလိုက်ရခြင်းသည်ရင်ဘတ်အားမီးနှင့်ရှို့သလိုပူလောင်ပါလေ၏။

"အကြောင်းပြချက်ကရော.....ပြောပါမောင်ရဲ့....အသက်လောက်ချစ်ပါတယ်ဆိုတဲ့ငယ့်ကိုလမ်းခွဲရတဲ့အကြောင်းပြချက်ကိုပြောပါမောင်ရယ်"

"အချစ်ဆိုတာပြောင်းလဲတတ်တယ်ထင်ပါရဲ့ငယ်ရယ်....."

"မဟုတ်ဘူးမောင်.....တခြားအကြောင်းပြချက်ပေး....ငယ့်ကိုမချစ်တော့ဘူးဆိုတဲ့အကြောင်းပြချက်ကလွဲပြီးကျန်တာအကုန်လုံးကိုပေး....မပြောပါနဲ့မောင်ရယ်....ကျေးဇူးပြုပြီးမချစ်တော့ဘူးလို့မပြောပါနဲ့....."

ငယ့်ရဲ့မျက်ရည်များကိုမြင်ရခြင်းပူလောင်ရပါသည်။မြစ်ပြင်ကျယ်ကိုဖြတ်ပြီးတိုက်ခတ်လာသောလေနုအေးများကပင်ကျွန်တော့်အသည်းနှလုံး၏အေးချမ်းမှုကိုဆောင်ကျဉ်းနိုင်စွမ်းမရှိပေ။

"တောင်းပန်ပါတယ်ငယ်....."

"ရတယ်မောင်....မချစ်တော့လို့လည်းဖြစ်တယ်.....ဒါပေမဲ့မှတ်ထားရမှာကကိုယ့်ကိုမချစ်တော့တဲ့သူကိုရူးရူးမိုက်မိုက်နဲ့ဆက်ချစ်နေတယ်ဆိုတာDramaတွေမှာပဲရှိတယ်ဆိုတာကို......ဒါဆိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ပါတယ်မောင်"

ထွက်ခွာသွားသောကျောပြင်ငယ်အားရက်စက်လွန်းသူဟုအပြစ်မတင်ရက်ပါ။ကျွန်တော်သည်ငယ့်အားချစ်၏။ထို့အတူငယ်သည်လည်းကျွန်တော့်အားချစ်နေသေးသည်။သို့သော်ကျွန်တော်တို့၏ချစ်ခြင်းကားတည်မြဲမည့်ကံပါမလာလေတော့ခွဲကြရပေသည်။

မောင်တို့ကမဝေးကွာနိုင်သောခွဲခွာခြင်းနဲ့နှုတ်ဆက်ခဲ့ကြတာပါငယ်ရယ်။

The invisible string between us(Kookjin short stories) Where stories live. Discover now