Irrecoverabele

2.8K 257 40
                                    

Unicode & Zawgyi

Unicode

နာကျင်မယ်မှန်းသိသိရက်နဲ့ဆုပ်ကိုင်ထားချင်မိတဲ့ငါကိုယ်ငါလည်းမုန်းလိုက်တာယွန်းဂီရယ်။

***Irrecoverabele***

"အန်တီ.....ဆော့ဂျင်နိုးပြီလား"

"အဲ့ကောင်လေးကမင်းမနှိုးဘဲနိုးဘူးလို့လား"

"ဟုတ်....ဒါဆိုသွားနှိုးလိုက်ဉီးမယ်"

"အေးအေးသွား....ပြီးရင်နှစ်ယောက်လုံးမနက်စာလာစားလှည့်"

"ဟုတ်ကဲ့"

ဆော့ဂျင်အမေကိုပြုံးရုံသာပြုံးပြခဲ့ပြီးဝင်နေကျအတိုင်းညာဘက်ထောင့်စွန်းအခန်းလေးထဲဝင်လာခဲ့တော့သည်။

ဆိုဒ်စုံ၊ပုံစံစုံဖြင့်စီတန်းထားသောအရုပ်ပုံအလည်တွင်ခွေခွေလေးအိပ်နေသောဆော့ဂျင်ကြောင့်မနက်စောစောပြုံးမိသည်။

ကိုယ့်အပိုင်လူသားလေးဟာဘာကြောင့်များဒီလောက်ချစ်စရာကောင်းရတာပါလိမ့်။

"ဆော့ဂျင်.....ဂျင်လေး"

အိပ်နေတဲ့ဘေးသွားထိုင်ကာနားနားကပ်နှိုးတော့အင်းအဲလုပ်ကာခါးကိုဖက်ပြီးပြန်အိပ်သွားတဲ့သူ။

"ဆော့ဂျင်ထတော့ကွာ......ကျောင်းနောက်ကျတော့မယ်"

"ငါးမိနစ်ပဲ....."

လက်ချောင်းကောက်ကောက်လေးငါးချောင်းထောင်ကာပြန်အိပ်နေတဲ့သူ။ကိုယ်လည်းဆက်နှိုးမနေတော့ဘဲခေါင်းလေးပွတ်ပေးကာပြန်သိပ်ပေးနေမိသည်မှာသူပြောသည့်အတိုင်းငါးမိနစ်သာ။

"ဆော့ဂျင်ငါးမိနစ်ပြည့်ပြီ....."

"အွန်း....."

အိပ်မှုန်စုတ်ဖွားရုပ်လေးနဲ့ထလာကာရှုတည်တည်ကြည့်လာတဲ့လူသားလေးဟာဘာတွေများစားလို့ဒီလောက်တောင်ချစ်ဖို့ကောင်းရပါ့လိမ့်။

"ထတော့.....အန်တီကမနက်စာစားရအောင်တဲ့ငါအောက်ကစောင့်မယ်"

The invisible string between us(Kookjin short stories) Where stories live. Discover now