31.December

3.3K 304 21
                                    

Unicode & Zawgyi

Unicode

မင်းမျှော်လင့်နေခဲ့တဲ့မိဘတွေရဲ့နွေးထွေးမှုမျိုးကိုမပေးနိုင်ပေမယ့်နည်းနည်းပေးဖြစ်ဖြစ်နွေးထွေးအောင်လုပ်ပေးချင်မိတယ်ကောင်လေးငယ်ရယ်။

***31 December***

ငွေနှင်းဖြူပုဝါစလွှမ်းခြုံထားသောဆိုးလ်မြို့၏အလယ်ရှိနှင်းစက်တို့တွဲခိုရာအပင်ကြီးတစ်ပင်။ထိုအပင်ကြီး၏မျက်စောင်းထိုးရှိကော်ဖီဆိုင်တွင်တော့အကြောင်းအရာတစ်ခုကိုအကျေအလည်ဆွေးနွေးနေသောကောင်လေးသုံးယောက်။

"လုပ်ပါဆော့ဂျင်ရယ်.....မင်းမှမကူညီရင်အဲ့ဒီ$50ကအလကားဖြစ်တော့မှာ"

ဆော့ဂျင်တစ်ယောက်ဖတ်လက်စစာအုပ်ကိုပိတ်လိုက်ကာမျက်မှန်ဝိုင်းလေးကိုပင့်တင်လိုက်ရင်းစကားဆိုမိသည်က......

"မလုပ်ဘူး...."

ထိုသို့သာပြောပြီးကော်ဖီတစ်ငုံသောက်လိုက်သည်။စိတ်ရှုပ်စရာကောင်းတဲ့အလုပ်၊မျက်စိနောက်မယ့်မလုပ်မျိုးဘာဆိုဘာမှမလုပ်ချင်ပါ။

"လုပ်ပါဆော့ဂျင်ရယ်.....ငါတို့ကိုမသနားတော့ဘူးလား....မင်းသူငယ်ချင်းတွေရဲ့ချွေးနည်းစာလေးအလကားဖြစ်သွားမှာကိုကြည့်နေတော့မှာလား"

"အေး....ကြည့်နေမှာ.....မင်းတို့ကိုအတန်တန်ပြောရဲ့သားနဲ့.....အဲ့မင်းတို့ရဲ့ဂျောင်ဟွတ်ဆိုလား....."

"ဂျောင်ကုပါကွ..."

"ဘာနေနေကွာ.....အဲ့ဂျောင်ကု....ဂျောင်ကု.....တစ်ချိန်လုံးတစ်ဂျောင်တည်းကုနေတာ....အားနေစာလေးဘာလေးဖတ်ပါဆိုနားလည်းမထောင်ဘူး.....တက္ကသိုလ်ကျရင်မင်းတို့မိဘတွေမင်းတို့ကိုနှင်ထုတ်မှာသိလား"

"မင်းရဲ့ဆုံးမစကားတွေကိုနောက်မှနားထောင်ပါမယ်ကွာ.....အခုတော့ငါတို့ကိုကူညီပါကွာနော်"

"မကူညီပါဘူး.....အဲ့ပိုနေတဲ့လက်မှတ်ကိုပြန်ရောင်းစားပြီးရလာတဲ့ပိုက်ဆံကိုအလှူလုပ်လိုက်....ဒါဆိုမင်းတို့ကုသိုလ်လည်းရမှာ"

The invisible string between us(Kookjin short stories) Where stories live. Discover now