One-side love

2K 218 38
                                    

Unicode & Zawgyi

Unicode

အိပ်မက်ထဲမှာတောင်မဖြစ်နိုင်တဲ့ပန်းပင်လေးကိုငါ့အချစ်တွေနဲ့စိုက်ပျိုးထားမှာမို့ပန်းလေးပွင့်လာတဲ့အချိန်ဆိုမင်းကိုပိုင်ဆိုင်ချင်တဲ့လောဘစိတ်တွေရှိလာမှာပါ။

***One-side love***

"မင်းဂျီဝန်းနဲ့ပြတ်ပြန်ပြီလား....."

"အေး...."

"ဘာလဲ....ဒီတစ်ခါလည်းငါ့ကြောင့်ပဲလား"

"အပိုတွေပါကွာ.....မင်းနဲ့ငါမူကြိုကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေမှန်းသိရဲ့သားနဲ့.....တစ်ဆိတ်ရှိမင်းကိုပဲခလုတ်တိုက်နေတာ......တစ်ခါတစ်လေမင်းကိုကြိုက်နေတာလားကိုတောင်မသဲကွဲဘူး"

"ကင်ဆော့ဂျင်မင်းဟာလေ....မင်းဒီလိုတွေကြပ်ကြပ်လုပ်....မင်းနဲ့တွဲမယ့်သူမရှိဘဲနေလိမ့်မယ်"

"မရှိလည်းနေပါ့လား.....မင်းနဲ့တစ်သက်လုံးနေသွားလို့ရတာပေါ့"

သူပြောလိုက်တဲ့စကားတစ်ခွန်းဆိုတစ်ခွန်းဟာရင်ထဲကိုထိစမြဲ။ဒီကောင်ကကြည့်တော့သာမာစက်စက်နဲ့။တကယ်တော့မိဘတွေရဲ့ဆက်ဆံရေးမပြေလည်မှုကြောင့်မေတ္တာငတ်နေရှာတဲ့ကောင်။အပြင်ပန်းကမာကြောသလောက်အတွင်းထဲကဝါဂွမ်းစိုင်ထက်တောင်နူးညံ့တဲ့ကောင်။

တစ်ကျောင်းလုံးရဲ့လူမိုက်။တစ်ကျောင်းလုံးရဲ့King။တစ်ကျောင်းလုံးရဲ့Play boy။

ကောင်မလေးတစ်ယောက်ဆိုနှစ်ပတ်လောက်သာတွဲပြီးဖြတ်ပစ်သည့်ကောင်။ပြတ်ရသောအကြောင်းရင်းများမှာလည်းကျွန်တော့်ကြောင့်သာ။

မပြတ်ရိုးရှိမလား။ကောင်မလေးတွေနဲ့ချိန်းထားရင်လည်းမသွားချင်ဘူးဟုဆိုကာကျွန်တော့်အိမ်မှာတစ်နေကုန်တဲ့အထိလာနေတတ်သူ။ထမင်းစားတိုင်းလည်းကောင်မလေးကြိုက်တာ၊မကြိုက်တာတွေဂရုမစိုက်ဘဲကိုယ်ကြိုက်တာပဲမှာပေးတတ်တဲ့ထိုကောင်ကြောင့်ဘယ်ကောင််မလေးနဲ့မှမမြဲ။

The invisible string between us(Kookjin short stories) Where stories live. Discover now