My Man:Married life

2.3K 241 23
                                    

Unicode & Zawgyi

Unicode

ဘဝမှာလုပ်ခဲ့ဘူးတဲ့အကောင်းဆုံးအလုပ်ကိုပြောပါဆိုလျှင်ထိုကလေးငယ်အားလက်ထပ်ခဲ့တာပင်။ကလေးငယ်အားထိုလောက်အထိမြတ်နိုးရပါ၏။

***My Man:Married Life***

"မပေါင်းဘူး......ခင်ဗျားနဲ့ကွာမယ်"

အထက်ပါစကားဟာနေ့စဉ်ကြားနေကြမို့ဂျွန်ဂျောင်ကုအတွက်ရိုးနေပြီဟုတောင်ပြောလို့ရသည်။ကလေးငယ်.......ကျွန်တော့်ထက်ဆယ်နှစ်ငယ်သောကလေးငယ်သည်တစ်ခုခုမကျေနပ်တာရှိလျှင်ကလေးလေးလိုဂျီကျတတ်သည်။ထိုသို့ဂျီကျတိုင်းပြောတတ်သည့်စကားသည်"မပေါင်းဘူး....ကွာမယ်"ဟုပင်။

"ကလေးလေးကိုဆရာဝန်ကပြောတယ်မို့လား.....အဲ့လိုစပ်တာတွေနဲ့မတည့်ပါဘူးဆို....ဒါကြောင့်ကိုယ်ကမကျွေးတာလေ"

ကလေးလေးဂျီကျပြီးကျွန်တော့်အားကွာမယ်ဟုပြောနေရခြင်းအကြောင်းသည်သူ့အားပင်လယ်စာခေါက်ဆွဲဝယ်မကျွေးခြင်းကြောင့်။

အစပ်ကိုသိပ်ကြိုက်သောကလေး၏အကျိုးဆက်ကားအစာအိမ်ရောင်ရောဂါပင်။အစကတည်းကနှလုံးအားနည်းတတ်သောကလေးသည်ယခုအပိုထပ်ဆောင်းအနေဖြင့်ရောဂါတစ်ခုထပ်တိုးလာပြန်သည်။

ကလေးလေး.....သိပ်ကိုချူချာလွန်းပါသောကလေးလေး။မွေးကတည်းကပိုးမွှေးလေးလိုစောင့်ရှောက်ခံလာရသောကလေးလေး။ဒီပိုမွှေးလေးကိုဘယ်လောက်မြတ်နိုးလည်းကိုယ့်ကိုကိုယ်အသိဆုံးပင်။

သူနဲ့ကိုယ်မဖြစ်နိုင်ဘူးလို့ငြင်းပြီးနောက်ပြီးအပြင်းဖျားကာအိပ်ရာထဲထိလဲသည်ဆိုသောသတင်းကိုကြားကြားချင်းကိုယ့်မှာအရူးမီးဝိုင်းဆိုသလိုဆောက်တည်ရာမရ။ထို့ကြောင့်ကွာဟနေသောဆယ်နှစ်ဆိုသည့်အသက်ကိုလျစ်လျူရှုကာဒီကလေးလေးကိုလက်ထပ်ယူခဲ့သည်မဟုတ်ပါလား။

ဒါတောင်သကောင့်သားလေးကမင်္ဂလာဆောင်မှာပန်ရမည့် Flower Crown ကပန်းရောင်မှမဟုတ်ရင်မင်္ဂလာမဆောင်နိုင်ဘူးဆိုပြီးရစ်လို့ကျွန်တော့်မှာကုတ်အင်္ကျီကြီးတကားကားနဲ့အူယားဖားယားပြေးရှာခဲ့ရတာကိုမှတ်မိနေသေးသည်။

The invisible string between us(Kookjin short stories) Where stories live. Discover now