Sign of love

2.4K 237 43
                                    

Unicode & Zawgyi

Unicode

ကင်ဆော့ဂျင်သည်ကျွန်တော့်အချစ်ဖြစ်သလိုကျွန်တော့်နှလုံးသားလည်းဖြစ်သည်။

ထို့အတူထိုလူသားသည်ကျွန်တော့်အချစ်များစွာ၏သင်္ကေတလည်းဖြစ်သည်။

***Sign of love***

ကားအနက်ရောင်နောက်ခန်းပေါ်တွင်မျက်လုံးများကိုမှေးစင်းကာအနားယူနေရင်းမှတဒီးဒီးတုန်ခါလာသောဖုန်းကြောင့်ဂျောင်ကုတစ်ယောက်ဖုန်းကိုကောက်ကိုင်လိုက်သည်။

Answerခလုတ်လေးကိုနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက်ပေါ်လာတဲ့အိပ်ချင်မူးတူးရုပ်လေးကြောင့်တစ်နေ့လုံးပင်ပန်းထားသမျှတွေယူပစ်လိုက်သလိုပင်။

"Jungkook ahh~~~"

ချွဲပစ်နေသောအသံပိုင်ရှင်လေးကိုပြုံးပြလိုက်သည်။မျက်လုံးလေးတွေကအတင်းလုပ်ယူကာဖွင့်ထားရပြီးသိပ်မကြာခင်မှာပင်အိပ်ပျော်တော့မယောင်။

"အရမ်းအိပ်ချင်နေတာလား....."

"အွန်း....."

မွေယာပေါ်တွင်ပါးလေးတစ်ဖက်ဖိမိထားတာကြောင့်လုံးထွက်နေသောနှုတ်ခမ်းလေးကိုလေလှိုင်းထဲကနေသာတစ်ချက်နမ်းလိုက်သည်။

"ပြောပါဉီး......တစ်နေ့လုံးဖုန်းမခေါ်ဘဲတစ်ရေးနိုးမှဖုန်းထခေါ်ရတဲ့အကြောင်းရင်းလေး"

"ဒီနေ့သင်တန်းဆရာကအဖွဲ့ခွဲပြီးဂင်မ်ချီတည်ခိုင်းတယ်လေ.....တကယ့်နှစ်ကောင်နဲ့မှတစ်သင်းထဲသွားကျတာလူကိုသေတော့မယ့်အတိုင်းပဲ"

"နမ်ဂျွန်းနဲ့ထယ်ယောင်းလား....."

"အင်း.....သူတို့နှစ်ကောင်ကတစ်ခါသုံးလက်အိတ်နဲ့တိုင်ပတ်နေတော့ငါ့မှာတစ်ယောက်တည်းအကုန်လုပ်ရသလိုပဲ.....ပင်ပန်းလို့ပြန်လာတော့ရေချိုးပြီးအိပ်ပျော်သွားတာ....အခုမှတစ်ရေးနိုးတာ"

"ထမင်းရော...."

"အခုမှထပြီးတစ်ခုခုသွားရှာမလို့.....ဂျောင်ကုဘက်မှာမှောင်မဲနေတာပဲ.....ဘယ်မှာလဲ"

The invisible string between us(Kookjin short stories) Where stories live. Discover now