FAMILY

2.5K 249 19
                                    

Unicode & Zawgyi

Unicode

ဘဝတွင်အဖိုးတန်ဆုံးသူကိုပြပါဆိုလျှင်ချစ်ရသူခင်ပွန်းနဲ့သားလေးပင်ဖြစ်လိမ့်မည်။

***FAMILY***

"Jeon Kookie!!!"

ခြံဝန်းလေးထဲရှိနှစ်ထပ်တိုက်အိမ်လေးမှထွက်ပေါ်လာသောအော်သံသည်ကျယ်လောင်လွန်းလှသည်။

မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်း၊နှုတ်ခမ်းပါးပါးလေးနှင့်အလွန်မှချစ်စရာကောင်းသောမူကြိုကျောင်းသားငယ်လေးသည်အပြစ်သားရုပ်လေးဖြင့်အဖေဖြစ်သူကိုမော့ကြည့်နေသည်။

"မူကြိုတက်တာဖြင့်ဘယ်နှစ်ရက်မှမရှိသေးဘူး.....သူငယ်ချင်းတွေနဲ့ရန်ဖြစ်တယ်.....မင်းမှာအပြစ်ရှိသလားJeon Kookie"

"ကူးမှာအပြစ်ရှိပါတယ်Papa"

"ဒါဆိုအပြစ်ဒဏ်ကိုပြောမယ်.....ဟိုနံရံတွေ့လား.....အဲ့မှာကပ်ပြီးရပ်နေ....ငါမခေါ်မချင်းလှည့်မကြည့်နဲ့....ကြားလား"

"ဟုတ်Papa"

ပြောသည့်အတိုင်းနံရံနှင့်မျက်နှာကြားလက်သေးသေးဖြင့်ကာ,ကာရပ်နေသည့်ကလေးငယ်သည်ဖခင်ဖြစ်သူအားလှည့်ကြည့်လှည့်ကြည့်လုပ်ချင်နေသေးသည်။

"Papa.....ကူးဗိုက်ဆာတယ်"

"Kookieမင်းကိုငါမခေါ်မချင်းနောက်ကိုလှည့်မကြည့်နဲ့လို့ပြောထားတယ်နော်"

Jeon Kookie တစ်ဖြစ်လဲ Kim Kookie ဆိုသောကလေးငယ်သည်ဖခင်နှစ်ယောက်ရဲ့....တိတိကျကျပြောရရင်....သူ့Daddyရဲ့အလိုလိုက်မှုကြောင့်ဆိုးချင်သည်။

ဆော့ဂျင်ပြောထားသည့်အတိုင်းနံရံမှာကပ်ရပ်နေတဲ့သားငယ်ကိုကြည့်ပြီးစိတ်မကောင်းချင်။ခါတိုင်းဆိုမူကြိုကနေပြန်လာတိုင်းတစ်ခုခုလုပ်ကျွေးတတ်တာကြောင့်အခုချိန်သားငယ်လေးဗိုက်ဆာနေလောက်သည်။

ဒါပေမဲ့သူလေးကလည်းမလွယ်ကြောလေး။မူကြိုမှာသူငယ်ချင်းတွေဆီကအရုပ်လုရင်းရန်ဖြစ်သတဲ့။သူများဟာမှအကောင်းထင်တတ်သောထိုဗီဇသည်သူ့Daddyဖြစ်သောဂျောင်ကုထံမှအမွေရထားသည်ဟုဆိုရမည်။

The invisible string between us(Kookjin short stories) Where stories live. Discover now