part1

2.8K 309 7
                                    

"အေးအေးဆေးဆေး စကားပြောကြဦး..
အန်တီ ဆိုင်ခနသွားလိုက်ဦးမယ်"

ဒေါ်သီရီသွင်က ပြောပြီး ထွက်သွားလေသည်..
စိတ်ထဲမှာတော့ ကျေနပ်ပျော်ရွင်လို့..

မျက်နှာပြောင်တိုက်လွန်းလို့ ဘယ်လိုထိန်းရမှန်းမသိအောင် ဖြစ်နေရတဲ့ မိန်းမတစ်ယောက်ရန်ကနေ အေးသွားပြီလေ..

ဘယ်လို ထိန်းလိုက်လည်းမသိပေမယ့် သူမကတော့ ဆရာလေးကို ကျေးဇူးတင်လို့မဆုံးနိုင်။

ဒေါ်သီရီသွင် ထွက်သွားတာနဲ့ ရှင်းသန့်နဲ့ ခန့်ညားကလည်းအကြောင်းရှာခါ ပြန်ထွက်သွားလေသည်...

နှစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန် လွန်း ကိုက်ို့ ကို ခိုးကာ ကြည့်လိုက်သည်...

ကိုကိုက သူ့ကို မကြည့်ဘဲ ဖုန်းကို ကြည့်နေတာကြောင့် လွန်းက မျက်နှာငယ်လေးနှင့်

"ကိုကို"

တိုးတိုးခေါ်လိုက်ပေမယ့် ဘေးမှာရပ်နေသော သူက သေချာပေါက် ကြားနိုင်သည်..

သို့သော် ကိုကိုက မကြားသလို ဘာမှမတုန့်ပြန်တော့ လွန်း
ကိုကို့ အင်္ကျီလက်ဖျားလေးကို အသာလေးဆွဲလိုက်ကာ

"ကိုကို ကျတော် မှားပါတယ်"

ထိုအခါမှ ခေတ်က လွန်းကိုကြည့်လိုက်ကာ

"ဘာမှားတာလဲ??"

"ကျတော်...ကျတော် စိတ်အလိုမလိုက်ခဲ့သင့်ဖူး...
ကျတော် တစ်ကယ် သူက ကိုယ်ဝန် ယူထားမယ်လို့ လုံးဝမထင်ခဲ့တာပါ.."

"ကိုယ် အဲ့တာကြောင့် စိတ်ဆိုးနေတာလို့ မင်းထင်လား??"

လွန်းက နားမလည်သလို ကိုကို့ ကို ကြည့်လိုက်မိသည်...
သဒ္ဒါ့ဆီမှာ သူ့ကိုယ်ဝန် ရှိနေတာ ကိုကို စိတ်မဆိုးဖူးလား?

ကိုကိုက သူ့ကို ပြန်လည်စိုက်ကြည့်နေကာ

"ကိုယ်နဲ့အတူ ပြသာနာကိုဖြေရှင်းဖို့ မင်းမှာ စိတ်ကူးမရှိခဲ့ဖူးမလား?"

"မဟုတ်ဖူး...ကျတော် ကိုကိုနဲ့အတူ အားလုံးရင်ဆိုင်ဖို့ြ့ပင်ဆင်ပြီးသားပါ"

"ဒါဆို သူမ မင်းကို ဒီအကြောင်းပြောတဲ့အချိန်ကတည်းက မင်းဘာလို့ ကိုကို့ ကို မပြောခဲ့တာလဲ?
ကိုကိုတို့ ဒီကြားထဲမှာတောင် ဖုန်းတွေပြောခဲ့ကြတယ်..
ဘာလို့ အဲ့အချိန်တွေမှာ ဘာတစ်ခုမှ မင်းမပြောခဲ့တာလဲ??
ကိုကိုက မင်းအတွက် အရေးမပါဖူးလား?"

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now