ခရီးစဉ် part1

3K 367 15
                                    

"ကိုကို ကားမူးတတ်လား??"
"ဟင့်အင်း! မမူးတတ်ဖူးး လွန်း မူးတတ်လို့လား??"

"အင်း ကျတော် မူးတတ်တယ် "

"ဒါဆို ကိုကို့ ပေါ်မှာ မှီပြီးအိပ်လိုက်ခဲ့"
"ဟုတ်!"
ရှင်းသန့်နဲ့ ခန့်ညား က နှစ်ယောက်လုံး မျက်လုံးကို အပေါ်လန်လိုက်ကာ ထထွက်သွားတော့သည်။

လွန်းက ထွက်သွားတဲ့ နှစ်ယောက်ကို လှည့်ကြည့်ပြီး လျှာထုတ်ပြလိုက်သေးသည်။

ခေတ်ကတော့ ထိုအချင်းအရာကိုကြည့်ပြီး ပြုံးနေလေသည်။

သူ လွန်းနားမှာကြာကြာနေမှ လွန်းက ဘယ်လောက်ကလေးဆန်မယ် သိလာရသည်လေ

စတွေ့တုန်းက ကောင်မလေးတွေနဲ့ ရှုပ်နေလို့ သူ့ကို မေ့သွားမှာကြောက်လို့ စိတ်ပူခဲ့ရပေမယ့် အခုတော့ မပူရတော့ဖူးထင်ပါရဲ့။

"ည ၉:၃၀ famous vip ခရီးသည်တွေ တတ်လို့ရပါပြီခင်ဗျာ"

အသံကြားတာနဲ့ လွန်းတို့လည်းကိုယ့်အိတ်ကို ကိုယ်သယ်ကာ တတ်လာခဲ့ကြသည်။

လွန်းနဲ့ ခေတ်က တစ်တွဲ ခန့်ညားနဲ့ ရှင်းသန့်က တစ်တွဲပင်။

"ငါတို့ ရှေ့ခုံကို ယူမယ်"

"နောက်ခုံကဘာဖြစ်လို့လဲ??"

"ဘာဖြစ်ရမှာလဲ?? အနောက်ကနေ မင်းတို့ကို ကြည့်မနေချင်ဖူး"

ပြောပြီး သူတို့ဘာသာ ရှေ့က ခုံကို နေရာဦးလိုက်လေသည်။

ခေတ်ကတော့ ဘာမှမပြောပေမယ့် လွန်းကတော့ လျှာထုတ်၍ ထပ်ပြောင်နေလေသည်။

ဒီကလေးတွေ သူ့ကို သူတို့ ပါမောက္ခ လို့ကို လုံးလုံးမမြင်တော့တာ။

ကားစထွက်တာနဲ့ လွန်းက မူးမှာစိုးလို့ဟု အကြောင်းပြကာ ခေတ် ပုခုံးပေါ်မှီလိုက်လာလေသည်။

ဘေးခုံက ကောင်မလေးတွေက ကွက်ကြည့် ကွက်ကြည့်လုပ်နေတာတောင် ဂရုမစိုက်။

"ဒါနဲ့ လွန်း ကိုကို ပြန်မလာခင် လွန်း ဘယ်လိုနေခဲ့လဲ?"

ရုတ်တရတ်ကြီး မေးလိုက်သော ကိုကို့ စကားကြောင့် လွန်းတို့ ကြိတ်ပြုံးနေသော မျက်နှာကြီး အီလည်လည်ဖြစ်သွားတော့သည်။

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now