အိမ်ငှား

3.5K 442 16
                                    

ညနေ စိတ်ရှုပ်ရှုပ်နဲ့ ဂိမ်းထိုင်ဆော့နေတာမို့ ည ၇ နာရီလောက်မှအိမ်ပြန်ရောက်လာခဲ့သည်။

ရောက်ရောက်ချင်း ဘေးတိုက်က မီးလင်းနေတာမို့ အိမ်ငှားတွေရောက်လာပြီမှန်း သိလိုက်ရသည်။

"အခုလို လာနှုတ်ဆက်တာ ကောင်းပါတယ်
အန်တီတို့ကလည်း အလုပ်ရှုပ်တော့ ညမှ အိမ်ပြန်ရောက်တာ..."

"ဟုတ်ကဲ့"

"မောင်ရင်က ကျောင်းဆရာဆို ! ဘယ်ကျောင်းမှာ တာဝန်ကျတာလဲ??"

"ကျတော် GTC မှာဗျ"

"ဟုတ်လား?? အန်တီ့သားလည်း GTCမှာ Civil တတ်နေတာဘဲ"

အပေါက်ကို ကျောပေးကာ မေမေတို့နှင့် စကားပြောနေသော သူတစ်ယောက်။

"ဟော် သား ပြန်လာပြီလား?? အတော်ဘဲ လာခဲ့! တစ်ခါတည်းမိတ်ဆက်ပေးရအောင်"

မေမေက လှမ်းခေါ်တော့ လွန်း လည်း အနားသွားလိုက်သည်။

သို့သော် သူအနားမရောက်ခင် ထိုလူက လှည့်လာချိန်မှာတော့

"what the "
ပါးစပ်က လွှတ်ခနဲ့ ထွက်သွားတာကြောင့် အဖေကော အမေကော မျက်လုံးပြူးကြီးနှင့် ကြည့်နေကြသည်

"ခင်ဗျား ခင်ဗျား ! ဘယ်လိုလုပ်ရောက်နေတာလဲ??" 

"ဟဲ့! လူကြီးကို ဘယ်လိုပြောနေတာလဲ??"

မေမေက အလန့်တကြားဟန့် လိုက်ပေမယ့် လွန်း ဂရုမစိုက်နိုင်။

"ခင်ဗျား! ခင်ဗျား က ကျတော်တို့ အိမ်ငှားလား??"

"အင်း "

"လွန်း !!"

"မငှားတော့ဖူး...ကျတော် တို့ ဒီအိမ်မငှားတော့ဖူး"

"ဟဲ့"

လွန်းကလည်းပြောချင်တာတွေပြော အမေကလည်း တစ်ဟဲ့ဟဲ့နဲ့ ဆူညံနေတော့သည်

"လွန်း ! ဘာတွေဖြစ်နေတာလဲ?? အဖေ့ကိုပြော"

"ကျတော်ကဘဲရှင်းပြပါ့မယ် အန်ကယ် ! လွန်းက ကျတော့်ကို တစ်ခုခု အထင်လွှဲနေပုံဘဲဗျ..
ကြည့်ရတာ ကျတော်က သူ့မေဂျာ ပါမောက္ခ မို့ ထင်ပါတယ်"

မေဂျာ ပါမောက္ခ ဆိုသော စကားကြောင့် လွန်း အဖေကော အမေပါ မျက်လုံးတွေ အရောင်ပြောင်းသွားတော့သည်။

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now