အချစ်ကိုသိရှိခြင်း

4K 433 3
                                    

ဆေးရုံမှာ ရောက်လာတဲ့ မန်ဘာဝင်လေးဆီ ပြေးပြေးကြည့်နေရတာနဲ့ လွန်းမှာ ဆော့ချိန်ပင် မရှိတော့။

ဒီလိုနှင့် တစ်ပတ်ပြည့်တဲ့အချိန်မှာ မေလဲ့က ဆေးရုံဆင်းကာ ပြန်ရောက်လာတော့သည်

ပြန်ရောက်လာတဲ့ထိကို ကလေးအနှီးထုတ်ပြီး ဒေါ်ကြီးစန်းတို့အိမ်မှာ သွားကာ ထိုင်နေတုန်း။

လွန်းကတော့ သံလိုက်လို ကလေးနားကမခွာ...

မွေးကာစ ကလေးလေးတွေက ဒီလောက်ချစ်စရာကောင်းတယ်ပေါ့..
အူယားဖို့လည်း ကောင်းတယ်

သူ့ညီ ဝမ်းကွဲလေးက သူ့အမေနဲ့ထက် လွန်းဆီမှာသာ တစ်နေကုန် ရှိနေတော့သည်

"ဘတစ် ဒီမှာ ကြည့်ပါဦး.. နီတာရဲလေးနော် "

"အင်း ဟုတ်တယ်! ငါ့မြေး ကလေးက အရမ်းငယ်သေးတယ် လေစိမ်းအရမ်းအတိုက်မခံနဲ့"

လွန်း ဘတစ် စကားကို ခေါင်းညိတ်ပြလိုက်ပြီး အိမ်ထဲမှာဘဲ နေလိုက်သည်

"ငါ့မြေး မနက်ဖန်ဆို ကျောင်းတွေ ပြန်ဖွင့်ပြီမလား??"

"ဟုတ်သားဘဲ! သားကျောင်းပြန်ဖွင့်မှာကို မေ့နေတာ"

ချက်ချင်း မျက်နှာက ညှိုးငယ်သွားတာမြင်တော့

"ညီလေးကို လွမ်းရင် ပိတ်ရက်တွေ ရှိသေးတယ်လေ"

တစ်ကယ်က ညီလေးအပြင် အခြားတစ်ခု ရှိသေးတယ်ဆိုတာ ဘတစ် ကို ပြောလို့မရဖူးလေ..

လွန်း ကလေး ချီထားရင်း ဟိုဘက်အိမ်ကို လှန်းကြည့်လိုက်ကာ မသိစိတ်က သက်ပြင်းချလိုက်မိသည်

အိမ်ပြန်ခါနီး မနက်မှာ လာတုန်းကသယ်လာသော ကျောပိုးအိတ်ကို လွယ်ပြီး အိမ်က လူတွေကို နှုတ်ဆက်လိုက်သည်

သူ့ အဒေါ်ကတော့ ကလေးထိန်းပေးမယ့်လူတစ်ယောက် လျော့သွားတာမို့ စိတ်ညစ်ပေမယ့် ထိန်းစရာမျောက်တစ်ကောင် လျော့သွားတာမို့လည်း ဝမ်းသာမိပြန်သည်

"စက်ဘီးကို ဖြည်းဖြည်းစီးနော် မြေး"

"ဟုတ် "

လွန်း စက်ဘီးကို စတင်ထွက်ခွာလိုက်ရင်း မျက်လုံးက ဟိုအကိုကြီး အခန်းကို ကြည့်ဖြစ်အောင် ကြည့်လိုက်သေးသည်

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now