ကိုကို လို့ဘဲခေါ်

3.7K 443 25
                                    

လွန်း အိပ်ယာနိုးလာချိန်  နှုတ်ခမ်းက နာကျင်မှု့ကြောင့် ဘေးက ဖုန်း ကို ယူကာ ကြည့်လိုက်သည်။

နှုတ်ခမ်းက ပေါက်ရာက တော်တော်ကြီးသည်

ထိုစဉ် မနေ့က အဖြစ်အပျက်တွေက မစဉ်းစားဘဲ ဝင်ရောက်လာခဲ့ကာ

"ကိုကို မင်းအခြားလူတွေကို နမ်းနေတာကို မြင်ရတာ မုန်းတယ်"

ထိုစကားသံကသာ သူ့ခေါင်းထဲ တစ်ဝဲလည်လည် ဖြစ်နေခဲ့သည်

ထို့ပြင် ဆရာ့ ရဲ့ ပုံစံ...
သူတစ်ခါမှ မမြင်ခဲ့ဖူးသော ဆရာ့ရဲ့ ပုံစံက သူ့ကို အံ့သြမှု့တွေကို ပေးနေသည်။

ပြီးတော့ သူတို့အခြေအနေကကောဘယ်လိုမျိုးလဲ??

သူ ရှေ့ဆက် ဆရာ့ကို ဘယ်လိုဆက်ဆံရမလဲ??

အတွေးတွေနဲ့ စိတ်ရှုပ်စွာဖြင့် အောက်ထပ်ကိုဆင်းလာလိုက်သည်။

"လွန်း နိုးလာပြီလား?? ကိုကို ဒီမှာ မနက်စာ လုပ်ထားတယ် လာစားလိုက်"

ထမင်းစားခန်းကနေ လှမ်းခေါ်သော အသံကြောင့် လန့်သွားကာ

"ခင်ဗျား ဘယ်လိုလုပ် ရောက်နေတာလဲ??"

"မင်း အမေက ကိုကို့ ကို သော့ပေးသွားတယ်
မင်းနဲ့ nana ကို စောင့်ရှောက်ပေးဖို့"

ဒါကြောင့် မနေ့က အိမ်ထဲရောက်နေတာပေါ့။

"ကျတော့်ကို စောင့်ရှောက်ဖို့ မလိုဖူး ! သော့ပြန်ပေး"
သို့သော် ခေတ်က မကြားသလိုပင်

"sandwich တွေ မအေးခင် စားလိုက် !
စားပြီးရင် ဒီမှာ  !"

ကြည့်လိုက်တော့ ညှစ်ဆေးဗူးလေး တစ်ဗူး

"ဒါက မင်းနှုတ်ခမ်းက အနာကိုသက်သာစေလိမ့်မယ်!
ကိုကို ကျောင်းမှာ စစ်ဆေးစရာတွေရှိသေးလို့ အရင်သွားနှင့်မယ်နော်..
ကျောင်းမှာ တွေ့မယ်"

ဆိုကာ လွန်း နှဖူးကို နမ်းဖို့ ပြင်တော့ လွန်းက အလျင်အမြန်ရှောင်လိုက်သည်။

ခေတ်က လွန်းကို တစ်ချက်သာ ကြည့်လိုက်ပြီး ထွက်သွားတော့သည်။

မနေ့ကအတွက် တောင်းပန်စကားတစ်ခွန်းတောင် မပြောသွားခဲ့ဖူး။

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now