ကတ္တီပါ ခြေညှပ်လေးမှစ

7.9K 580 11
                                    

ဒီဇင်ဘာ ကျောင်းပိတ်ရက်

ကျောမှာ ကျောပိုးအိတ်ကို လွယ်ကာ စက်ဘီးတစ်စီးကို အားရပါးရ နင်းလျှက် ကောင်လေးတစ်ယောက် လာနေသည်။

"ဘတစ်ရေ သားလာပြီ"

အသံက လူထက် အရင်ရောက်လာကာ အိမ်ရှေ့ရောက်တာနဲ့ စက်ဘီးကို ပစ်လှဲလိုက်ပြီး အိမ်ထဲ ဝင်ပြေးလာလေသည်

"အမလေး မျောက်တစ်ကောင် တော့ ရောက်လာပြီ"

အသံတွေက ညံညံစီအောင် ပေါ်ထွက်လာတာကို ဂရုမစိုက်ဘဲ

"ဘတစ် သားလာပြီ"

အဖိုး ရင်ခွင်ထဲ ဝင်လိုက်သည်

"ငါ့မြေးတစ်ယောက်တည်းလား?? မင်း အမေ တို့ကော"

"မေမေတို့က ညနေမှ လိုက်လာမယ်တဲ့"

"ဒါဆို ငါ့မြေးတစ်ယောက်တည်း ကားလမ်းတွေကနေ စက်ဘီးစီးလာတာပေါ့

ဒီလောက်အန္တာရယ်များတာကို မင်း အဖေတို့က ဘာလို့ လွှတ်ရတာလဲကွာ"

"ဘတစ်ကလည်း သားက ၉တန်း တတ်တော့မှာ...
ကလေးမဟုတ်တော့ပါဖူး"

"ဟေ ! ဟုတ်ပါပြီ လူပျိုကြီးရယ်"

လွန်း အဖိုးဆီ ခန ဝင်ချွဲပြီးတာနဲ့  လွယ်အိတ်တွေ ပစ်ချကာ ရပ်ကွက်ထဲက ဆော့နေကျ အုပ်စုစီ ပြေးသွားတော့သည်။

လွန်းတို့ အုပ်စုက လူစုံသည်

၁၀ နှစ် ၁၁ နှစ် တွေများကာ ထိုအထဲ လွန်းက အကြီးဆုံး

"ကြည့်ပါဦး အဖေရယ် လူကဖြင့် ကြီးနေပြီ ခုထိ ကလေးပေါက်စလို အဆော့မက်တုန်းဘဲ"

မေလဲ့ က လှမ်းကြည့်ရင်း ဆိုလေသည်

လွန်းမှာက အဒေါ် လေးယောက်ရှိသည်
လွန်း မေမေက အလတ်
လွန်းက အဒေါ်တွေကို မေမိုး မေစံ မေချို မေလဲ့ ဟု ခေါ်တတ်သည်

အကုန်က အိမ်ထောင်ကျကုန်ပြီဖြစ်ကာ မေလဲ့ကတော့ ဘတစ် နဲ့ နေသည်

လွန်း သူငယ်ချင်းတွေနဲ့ ပေသီး ပစ်နေတုန်း ကားအမြင့်ကြီး တစ်စီးက လွန်း တို့ရဲ့ တစ်အိမ်ကျော်က ဦးဒူးရှည် ဘော်ဒါဆောင် ရှေ့မှာ ရပ်သွားတာကြောင့် ကလေးတွေက စပ်စုကာ သွားကြည့်ကြတော့ လွန်းလည်း လိုက်သွားလိုက်သည်

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now