အရှုံး

3.3K 394 4
                                    

ကိုကိုက ညက ပြောခဲ့သော တောင်ပေါ်တတ်ရအောင် ဆိုသော စကားကြောင့် မနက်စောစော ချမ်းချမ်းစီးစီး အချိန်ကြီးကို တောင်ပေါ်ရောက်နေပြီလေ။

ထို့ပြင် ဆိုင်ကယ်နှင့်တတ်တာလည်းမဟုတ်ဘဲ ခြေလျင်တတ်တာမို့ လွန်းကတော့ ရှုံ့မဲ့နေပေမယ့် ကိုကိုကတော့ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးမို့ လွန်းက မကျေနပ်။

သို့သော်သူ့ရဲ့ မကျေနပ်ချက်တွေက တောင်ပေါ်ရောက်ချိန်မှာတော့ ကွယ်ပျောက်သွားခဲ့ပြီ။

နေထွက်စအချိန်မှာ တောင်ပေါ်ကနေ မြင်လိုက်ရသော သူတို့မြို့ရဲ့ အနေအထား ကရှု့မငြီးဖွယ်ပင်။

အမှန်ဆို သူက ကျောက်ဆည်သားတစ်ယောက်ဖြစ်ပေမယ့်  ဒီလို တောင်ပေါ်ကနေ နေထွက်တဲ့ ရှု့ခင်းနဲ့ မြို့ကို ပထမဆုံးမြင်ဖူးတာ...

"လှတယ်နော်"

"အင်းဟုတ်တယ်! ကျတော် တစ်ခါမှ ကျတော်တို့ မြို့က ဒီလောက်လှခဲ့မှန်းမသိခဲ့ဖူး"

"ဟင် အရင်ကလွန်း တောင်ပေါ်မရောက်ခဲ့ဖူးလား??"
"ရောက်တယ်လေ..ငယ်ငယ်က ခနခန ရောက်ဖူးတယ်..ဒါပေမယ့် အာ့တုန်းက ရှု့ခင်းတွေကို ခံစားတတ်တဲ့ အရွယ်မှမဟုတ်တာ"

ကိုကိုက ဘာစကားမှမဆိုတော့ဘဲ လွန်း ဘေးမှာ ငြိမ်ငြိမ်လေးသာ ရှု့ခင်းကြည့်နေတော့ လွန်းက ကိုကို့ကို လှည့်ကြည့်လိုက်သည်။

နေထွက်စနေရဲ့ အလင်းရောင်အောက်မှာ ကိုက်ို့ ပုံစံက အရမ်းလတ်ဆတ်နေတယ်

ဘာကြောင့်မှန်း မသိပေမယ့် ကိုကို အနားမှာရှိတဲ့အချိန်တိုင်း ငြိမ်းချမ်းသလိုခံစားရသည်။

တောင်ပေါ်က ပြန်ဆင်းလာတော့ Nana ကို လွတ်ပေးလိုက်ပြီး နှစ်ယောက်လုံး nana နဲ့ ဆော့နေချိန် ဆိုင်ကယ်တစ်စီးအိမ်ထဲဝင်လာတော့ နှစ်ယောက်သား လှမ်းကြည့်လိုက်သည်။

ခန့်ညား ဖြစ်နေကာ သူတို့ နှစ်ယောက်ကိုမြင်တော့ အရမ်းအံ့သြသွားဟန်ဖြင့်

"ဆရာက ဘာလို့ ဒီမှာရှိနေတာလဲ??"

လွန်း ကိုကို့ ကို ကြည့်လိုက်တော့ ကိုကိုက ဘာမှမဆိုဘဲ ဒီအတိုင်းရပ်ကြည့်နေတာကြောင့် လွန်းကဘဲ

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now