ရည်းစားစာ

3.6K 422 4
                                    

"လွန်း မင်းဒီအတိုင်းကြီးဘဲ ချောင်းနေတော့မှာလား?"

နှစ်ယောက်သား ဝန်းထရံကြားက ချောင်းနေရင်း ချစ်သောက မကျေနပ်စွာ မေးလိုက်သည်

ဒီမှာလာချောင်းနေတာ ဘယ်နှစ်လတောင်ရှိနေပြီလဲ? ခုထိချောင်းနေရတုန်းဘဲ။

"ဟင် ဒီအတိုင်းမချောင်းလို့ ငါက ဘယ်လိုလုပ်ရမှာလဲ??
ငါ က အကို့ကို ကြိုက်လို့ လို့ သွားပြောရမှာလား??
အဲ့လိုဆိုလည်း မပြောရဲဖူး "

"ဟာ မင်းကလည်း မပြောရဲဖူးဆိုရင်တောင် စာဖြစ်ဖြစ်ရေးပြီး ပေးကွာ...ဒီအတိုင်းကြီး လာလာချောင်းနေတာ ဘယ်နှစ်လရှိနေပြီလဲ??
ပြောလို့ရမလား? သူလဲမင်းကို ကြိုက်ရင်ကြိုက်နေမှာပေါ့..
မတော်လို့များ လက်သွက်တဲ့အမကြီးတွေနောက် ပါသွားရင် ဘယ်လိုလုပ်မလဲ?"

ဟုတ်သားဘဲ!! အရင်ကတောင် အကိုကြီးကို ကြိုက်လို့ စာပေးတဲ့သူတွေအများကြီးရှိတာလေ...

"ဒါပေမယ့် ငါစာရေးပြီးရင်တောင် မပေးရဲဖူး...
ကြောက်တယ် "

"ငါ ပေးပေးမယ် ! မင်းက ရေးဘဲရေးပေး..."

"ဒါပေမယ့် ငါရည်းစားစာ တစ်ခါမှ မရေးဖူးဖူးလေ"

ချစ်သောက လွန်းပုခုံးကို ဖက်လိုက်ကာ ရုပ်က ပြီတီတီနှင့်

"လွယ်ပါတယ် ခံစားချက်တွေ ပေါက်ကွဲပစ်လိုက်...
မင်း ခံစားရတာတွေ အရိုးသားဆုံးဖွင့်ပြောလိုက်"

ထိုနေ့က ချစ်သော နဲ့ လမ်းခွဲပြီး လွန်း တစ်ယောက်တည်းရည်းစားစာရေးရင်း အလုပ်ရှုပ်နေတော့သည်။

"သို့ !

နေပါဦး ငါက အကိုကြီးနာမည်မသိဖူးလေ..
ဒါဆိုအကိုကြီး လို့ဘဲရေးရမလား??

မဟုတ်သေးပါဖူး...အာ့လိုကြီးက စိမ်းသက်သက်ကြီးလိုဘဲ.."

တစ်ယောက်တည်းပြောလိုက်..ရေးလိုက် ဖျက်လိုက်နှင့် စာရွက်တွေ ဘေးမှာ ပုံနေပြီ။

နောက်ဆုံး ဘယ်လိုခေါ်မယ်စဉ်းစားပြီး ရေးလိုက်သည်
မျက်နှာတစ်ခုလူံးကလည်း ရဲတွတ်လို့။

"သို့
ကိုကို! ကျတော် ကိုကို့နာမည်ကို ဘယ်လိုခေါ်ရမယ်မသိတာကြောင့် ကိုကိုလို့ဘဲ ခေါ်ပါရစေ ။
ကျတော့် နာမည်က လွန်းပိုးအိမ်ပါ
အားလုံးက လွန်း လို့ ခေါ်ကြပါတယ်။
ကိုကို ကျတော့်ကို သိပါ့မလားမသိပေမယ့် ကျတော်ကတော့ ကိုက်ို့ ကို အမြဲချောင်းကြည့်နေခဲ့တာပါ
ကျတော် အများကြီးတော့ မပြောတတ်ဖူး
ဒါပေမယ့် ကျတော့် ခံစားချက်တွေကို ကိုကို့ ကို ပြောသင့်တယ်လို့ ထင်လို့ ကျတော် ဖွင့်ပြောရတာပါ
ကျတော် ကိုကို့ကို ချစ်နေပြီ။
ယောကျာ်းလေးတစ်ယောက်က ဖွင့်ပြောလို့ ကျတော့်ကိုမမုန်းပါနဲ့..
ကျတော် ကိုကို့ ကို တစ်ကယ် ချစ်တာပါ.
ချစ်လွန်းလို့လည်း ဒီစာကို အရဲစွန့်ပြီးရေးလိုက်တာပါ။"

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>Where stories live. Discover now