မတော်တဆပြန်တွေ့ကြခြင်း

3.6K 455 7
                                    

ဒီနှစ်ရဲ့ နွေရာသီကျောင်းပိတ်ရက်က လွန်းအတွက်တော့ ပျော်စရာမဖြစ်ခဲ့တော့။

လွန်းက တစ်ယောက်တည်း နေတာများလာခဲ့ကာ အရင်လို မျောက်လောင်းလေးလည်း မဟုတ်တော့ပါ။

ဆယ်တန်းနှစ်မို့ စာတွေကများလာသလို အရင်လို မောင်နှမတွေ ရန်ဖြစ်ရင်တောင် သူ့ဘက်ကရပ်တည်ပေးမယ့်သူက လည်း မရှိတော့။

သူ့မိဘတွေကလည်းနောက်ပိုင်း အရမ်းအလုပ်ရှုပ်လာတာကြောင့် သူ့ကိုပင် ဂရုမစိုက်နိုင်အားတော့..လွန်းက အချိန်တိုင်းတစ်ယောက်တည်းဖြစ်နေခဲ့သည်

အခုလည်း စနေ တနင်္ဂနွေနေ့တိုင်း တတ်နေကြ grammer ဆရာဆီ လွန်းရယ် ချစ်သောမောင်ရယ် အခြားသူငယ်ချင်းတွေနှင့် စက်ဘီးကိုယ်စီဖြင့် ကျူရှင်သွားနေကြသည်

"လွန်း ! ဆရာကြီး ပေးလိုက်တဲ့ grammer တွေရပြီလား??

"ရပြီ! မင်းကော"

"ငါ မရသေးဖူး..ဒီနေ့ စာမေးပွဲစစ်ရင် ငါ့ကိုပြဦးနော်"

"အေးပါကွာ"

ကျူရှင်ဆီသို့ ဘေးက ချစ်သောမောင်က သူနဲ့အတူ ယှဉ်နင်းရင်း စကားပြောလာကြသည်

ထိုအချိန် သူ့ရဲ့ မျက်နှာချင်းဆိုင်က ထွက်လာသော လူတစ်ယောက်ကြောင့် လွန်း အရမ်းပျော်သွားရသည်

*အကိုကြီး*

အကိုကြီးကတော့ သူ့ကိုမမြင်...သူ့ဘေးကနေ ဆိုင်ကယ်ကို မောင်းသွားတော့သည်

ဇက်ကိုလည်နေအောင် လိုက်ကြည့်နေမိရင်း ဘေးက ကပ်ပါလာသော ချစ်သောမောင်ရဲ့ စက်ဘီးနဲ့ လွန်းစက်ဘီးနဲ့ ချိတ်မိတော့သည်။

ထို့ပြင် လွန်းတို့က အုပ်စုလိုက်ကြီး စက်ဘီးတွေ တန်းစီစီးနေတာမို့ လွန်းတို့နှစ်ယောက်လဲတာနဲ့ တစ်စီးပြီးတစ်စီးချိတ်ကာ လဲကျတော့သည်

"လွန်းးး"

စက်ဘီး ငါးစီး အပြုံလိုက်လဲနေရင်း အားလူံးဝိုင်းကာ လွန်းကို အော်လိုက်ကြသည်။ 

လွန်းမှာ အအော်ခံရတာနှင့် နာနေတာပင် ဂရုမစိုက်နိုင်ဘဲမျက်နှာက ပြုံးဖြီးဖြီးကြီး ဖြစ်နေသောကြောင့် အားလုံးဝိုင်းကာ ဆဲကြတော့သည်။

My Dear Professor <ပါမောက္ခလေး ကျတော့်ချစ်သူ>जहाँ कहानियाँ रहती हैं। अभी खोजें